Thursday, July 8, 2010

သို့ . . . လရိပ်ထင်

သို့ . . . လရိပ်ထင်







အလွမ်းဆိုတာ




ခဏခဏပြန်ပြန်ကြည့်မိတဲ့




အနာရွတ်လေးတစ်ခုလိုပါပဲ ညီမလေး. . . ။




တစ်ချိန်တုန်းကတော့




ဆောင်းရာသီဆိုတာ




ညီမလေးရဲ့ပါးပြင်ရဲရဲလေးပေါ်မှာပဲရှိတယ်




နှင်းဆီပန်းဆိုတာ




ဒဂုံတက္ကသိုလ်ကြီးမှာပဲပွင့်တယ်




လမင်းဆိုတာ




လှည်းတန်းကားဂိတ်လေးမှာပဲသာတယ်




ပြက္ခဒိန်တစ်ခုလုံးမှာ




စနေတွေပဲပါတယ်




နေ့တိုင်းဟာ




ဇန်န၀ါရီ (၃၁) ပဲဖြစ်တယ်လို့




ကိုယ်ယုံပစ်ခဲ့ဖူးတယ်။







ခုတော့ . . .




ကိုယ့်ကို ဒီတိုင်းပဲထားခဲ့ပေးပါ




ကိုယ့်ယုံကြည်မှုနဲ့ကိုယ်ရူးရတာလောက်တော့




ဘာကိုမှ ပိုမမက်မောတော့ဘူး။




ကိုယ်ရဲ့ဒုက္ခအိုးမလေးရယ်




ဒီတစ်ခါ




ဒီဇင်ဘာမှာ




နှင်းမပါပဲ ဘယ်လှပါတော့မလဲကွယ် ။

အမည်မဲ့ကဗျာ

အမည်မဲ့ကဗျာ





“မင်္ဂလာပါ” လို့စတင်နှုတ်ဆက်ပါရစေကိုကြီး



ဟိုတစ်ချိန်က ဒီကနေ့မှာ မိခင်တစ်ယောက်က



ကဗျာဆရာတစ်ယောက်ကိုမွေးဖွားပေးခဲ့ဖူးတယ်



အဲဒီကဗျာဆရာတစ်ယောက်က ကဗျာတွေကိုထပ်ပြီးမွေးဖွားပေးခဲ့တယ်



ကျနော်ကသူ့ကို ပြစ်ပြစ်နှစ်နှစ်ဝေဖန်ဖူးတယ်



သူက ကျနော့်ကို မညှာမတာ ဆုံးမဖူးတယ်



ဒါပေမယ့်



သူ့ရင်ထဲက ကောင်းကင်နဲ့ ကျနော့်ရင်ထဲက ကောင်းကင်မှာ



တိမ်ညိုကင်းတယ်။



“မင်္ဂလာပါ” ကိုကြီး “မင်္ဂလာပါ”



ဒါက ကျနော်တတ်နိုင်တဲ့မွေးနေ့လက်ဆောင်ပေါ့



ကိုကြီးအတွက် သိမ်ငယ်ချင်သိမ်ငယ်နေမယ်



သေးနုပ်ချင်သေးနုပ်နေမယ်



ဒါက ကျနော်တတ်နိုင်တဲ့လက်ဆောင်ပါကိုကြီး



မွေးနေ့မှာ ပျော်ရွှင်ပါစေ



နေ့တိုင်းလည်းပျော်ရွှင်ပါစေ



လက်ဖျံရိုးတွေလည်း ပျော်ရွှင်ကြပါစေ ကိုကြီး ။





နောင်တော် “အမည်မဲ့” အတွက် မွေးနေ့လက်ဆောင် HappyBirthday My Bro!











Saturday, July 3, 2010

ပျောက်ဆုံးခြင်း

ကမ္ဘာကြီးလည်ပတ်နေမှုက

ကိုယ်တစ်ယောက်တည်းအတွက်ကွက်ကြားရပ်တန့်သွားသလိုပဲ

တစ်ကယ်ဆို . . .

ကိုယ်ကလည်း လူလားမြောက်အောင် မနေတတ်ခဲ့သူမဟုတ်လား

ဒီအတိုင်းပဲလို့ထားလိုက်ပါတော့

တစ်ခုတော့ရှိတယ်

ကိုယ်မမှားဘူးဆိုတာ

လူ့သမိုင်းတစ်ခုလုံးကို သက်သေထားပြီး

ငြင်း

တယ်