Thursday, July 8, 2010

အမည်မဲ့ကဗျာ

အမည်မဲ့ကဗျာ





“မင်္ဂလာပါ” လို့စတင်နှုတ်ဆက်ပါရစေကိုကြီး



ဟိုတစ်ချိန်က ဒီကနေ့မှာ မိခင်တစ်ယောက်က



ကဗျာဆရာတစ်ယောက်ကိုမွေးဖွားပေးခဲ့ဖူးတယ်



အဲဒီကဗျာဆရာတစ်ယောက်က ကဗျာတွေကိုထပ်ပြီးမွေးဖွားပေးခဲ့တယ်



ကျနော်ကသူ့ကို ပြစ်ပြစ်နှစ်နှစ်ဝေဖန်ဖူးတယ်



သူက ကျနော့်ကို မညှာမတာ ဆုံးမဖူးတယ်



ဒါပေမယ့်



သူ့ရင်ထဲက ကောင်းကင်နဲ့ ကျနော့်ရင်ထဲက ကောင်းကင်မှာ



တိမ်ညိုကင်းတယ်။



“မင်္ဂလာပါ” ကိုကြီး “မင်္ဂလာပါ”



ဒါက ကျနော်တတ်နိုင်တဲ့မွေးနေ့လက်ဆောင်ပေါ့



ကိုကြီးအတွက် သိမ်ငယ်ချင်သိမ်ငယ်နေမယ်



သေးနုပ်ချင်သေးနုပ်နေမယ်



ဒါက ကျနော်တတ်နိုင်တဲ့လက်ဆောင်ပါကိုကြီး



မွေးနေ့မှာ ပျော်ရွှင်ပါစေ



နေ့တိုင်းလည်းပျော်ရွှင်ပါစေ



လက်ဖျံရိုးတွေလည်း ပျော်ရွှင်ကြပါစေ ကိုကြီး ။





နောင်တော် “အမည်မဲ့” အတွက် မွေးနေ့လက်ဆောင် HappyBirthday My Bro!