Friday, December 18, 2009

လမ်းလျှောက်ထွက်ခြင်း - ၂

လမ်းလျှောက်ထွက်ခြင်း - ၂



ထုံးစံအတိုင်းပဲ ဒီတစ်ခါလည်း စိတ်ကူးတွေထဲ အလည်တစ်ခေါက် ရောက်ခဲ့ပြန်ပါတယ် ။



(၁)



ကျနော်ရောက်နေတာက ခန့်ညားထည်ဝါတဲ့ နန်းတော်ကြီးတစ်ခုထဲမှာ။ ပလ္လင်ပေါ်မှာကတော့ မိန်းမပျိုတစ် ယောက်ထိုင်နေတယ်။ အင်မတန် ချောမောတဲ့မိန်းမပျိုပါ။ ပြောရရင်တော့ သူ့လောက်လှတာ ကမ္ဘာမှာ ရှိပါ့မလား လို့တောင် သံသယဖြစ်မိတဲ့အထိလှပါတယ်။ ကျနော် တစ်စုံတစ်ယောက်ကို သတိရမိတယ်။ `ဟယ်လင´ ။ ထရွိုင်ကိုပြာအတိကျစေခဲ့တဲ့ မင်းသမီး။ ပဲရစ်(စ်)မင်းသားရဲ့ကြင်ယာတော်။ ဗီးနပ်(စ်)ရဲ့ ကျိန်စာသင့်မိန်းမ။


`ခင်ဗျားက ဟယ်လင်လား´


`ဟုတ်ပါတယ်ရှင်´


ထင်တဲ့အတိုင်းပါပဲ။ ကိုယ့်ချစ်သူက ဟယ်လင်ထက်လှတယ်ဆိုတဲ့လူတွေကိုတောင် ခေါ်ပြလိုက်ချင်တယ်။ ကျနော်တို့မှားပါတယ်လို့ ၀န်ခံသွားလောက်တယ်။


`ခင်ဗျားကတော်တော်လှတာပဲ။ အင်းလေ ဒါကြောင့်လည်းထရွိုင်ဟာ ပြာပုံဘ၀ရောက်ခဲ့ရတာပေါ့´


`ဟုတ်ပါလိမ့်မယ်ရှင်´


`အန်. . . အဲလိုဟုတ်နေတာပဲကို ဘာလို့ဟုတ်ပါလိမ့်မယ်ဖြစ်ရတာလဲ´


သူမက တစ်ချက်ပြုံးတယ်။ လှောင်ပြုံး. . . ။ခနဲ့ပြုံး. . . ။ကိုယ့်ကိုယ်ကို နာကျည်းသနားစိတ်ကုန်နေတဲ့အပြုံး။


`ကျွန်မက သူတို့ရဲ့အင်ပါယာချဲ့ထွင်မှုအတွက် ဘုံဆခွဲကိန်းတစ်ခုပဲလေ´



(၂)



သွားရင်းလာရင်းနဲ့ မောတာနဲ့လက္ဘက်ရည်ဆိုင်တစ်ဆိုင်ထဲကိုဝင်ထိုင်မိတယ်။ ဆိုင်ကလူနည်းနည်းပဲ ရှိပါတယ်။


ကျနော့်ဘေးနားက၀ိုင်းမှာတော့ လူလေးယောက်ထိုင်နေလေရဲ့။ နားမထောင်မိပေမယ့် အသံတွေက နားထဲဝင်လာတယ်။


`အယူအဆဆိုတာတွေက အလကားပါကွာ။ လုံးဝလွတ်လပ်ရမယ် အစဉ်အလာတွေထဲကနေဖောက်ထွက်ရမယ် ဒါမှအသစ်တွေကိုတွေ့မယ်. . . . . . . . . . . . . . . . . . . . ´


နားထဲကိုမဆန့်မပြဲတိုးဝင်လာတဲ့ စကားလုံးအကြီးကြီးတွေလေ ။ အဲဒီလူတွေက ဘယ်သူတွေလဲတော့ ကျနော်မသိဘူး။ အဲဒီမှာပဲ တစ်ဝိုင်းထဲထိုင်နေတဲ့လူတစ်ယောက်က ထပြောတာကြားလိုက်ရတယ်။


`အင်းလေ. . . ကင်းမြီးကောင်ထောင်ပြီးလမ်းလျှောက်သလိုမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့ဗျာ´ တဲ့


ပြောပြီးတော့အဲဒီလူထသွားပါတယ်။ ကျနော်သူ့ကိုလှမ်းကြည့်ပေမယ့် နောက်ကျောကိုပဲမြင်လိုက်ရတယ်။


စားပွဲထိုးလေးကိုခေါ် ပိုက်ဆံရှင်းပြီးဆိုင်ထဲကထွက်လာတဲ့အထိ ကျနော့်နားထဲမှာ အဲဒီစကားသံကို ကြားယောင်နေဆဲပါပဲ။



`အင်းလေ. . . ကင်းမြီးကောင်ထောင်ပြီးလမ်းလျှောက်သလိုမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့ဗျာ´



(၃)



လမ်းလျှောက်ရတာ နေပူလာလို့ သက်သာအောင်ကားစီးမယ်ဆိုပြီး ကားမှတ်တိုင်တစ်ခုမှာ ကားရပ်စောင့်နေ လိုက်တယ်။ နေကတော်တော်ကိုပြင်းတာဗျ။ ဒါပေမယ့် ဘတ်(စ်)ကားမှတ်တိုင်ကြီးကတော့ မမှုသလိုနဲ့ တောင့်တောင့်ကြီးရပ်လျက်ပဲ။ ကျနော်တော်တော်လေးစားမိသွားတယ်။


`မှတ်တိုင်ကြီးရယ် ခင်ဗျားကတော့လေးစားစရာပါပဲ။ နေပူပူမိုးရွာရွာတာဝန်ကျေလိုက်တာဗျာ။ လေးစားပါတယ်´


မှတ်တိုင်ကြီးက


`ဟ ကောင်လေးရ ငါ့ခြေထောက်တွေကိုမြေကြီးထဲမြှုပ်ခံထားရမှတော့ အရိပ်ရှိရာ မိုးလွတ်ရာ သွားလို့ရပါဦးမ လားကွာ´ တဲ့


ကျနော်လည်းဘယ်ကျေနပ်မလဲ ပြန်ငြင်းတာပေါ့။


`ဟာ အဲဒါဆိုရုန်းပေါ့ဗျ´


`ရုန်းလို့လွတ်တော့ ငါလဲသွားမှာပေါ့ကွ´


`အန် ဘာလို့လဲဗျ´


`မွေးကတည်းက လမ်းမလျှောက်တတ်တော့ လမ်းဘယ်လိုလျှောက်မလဲငါမှမသိတာ ခုတောင် မြေကြီးထဲစိုက်တားလို့မတ်နေတာ လွတ်ရင်လဲသွားမှာပေါ့ကွာ´ တဲ့လေ။



တော်သေးတာပေါ့ဗျာ ကျနော့်ကိုလမ်းလျှောက်တတ်အောင် အဖေနဲ့အမေကသင်ပေးခဲ့ပေလို့ပေါ့။ မဟုတ်ရင် ကျနော်လည်း ခဏခဏလဲကျနေတော့မှာပဲ။



(၄)



ကားပေါ်ကဆင်းတော့ ဘူတာရုံတစ်ခုကို ကျနော်ရောက်ပါတယ်။ အဲဒါနဲ့မထူးဘူးဆိုပြီး ရထားဆက်ဆီး လိုက်တယ်။ ရထားကြီးက ဂျုံးဂျုံး ဂျက်ဂျက် အသံတွေပေးပြီးလူးလိန့်နေလိုက်တာ ပုခက်ထဲမှာချောသိပ်ခံနေရသလိုပါပဲဗျာ။ တဖြည်းဖြည်းနဲ့ မှေးငိုက်လာမိတယ်။ ကျနော်ကလည်းကျနော်ပါပဲ။ မနေနိုင်မထိုင်နိုင် ရထားကို ကျေးဇူးစကားသွားပြောတယ်လေ။


`ကျေးဇူးတင်လိုက်တာရထားကြီးရာ။ ကျနော်အိပ်ရေးပျက်တာကြာပြီဗျ။ ခုတော့ရထားကြီးက ပုခက်လို ချော့သိပ်လို့ ကျနော်အိပ်ချင်လာပြီ´


`ငါက လမ်းကြမ်းလို့ လူးလွန့်ပြတာပါကွာ မင်းတို့အတွက်ကတော့ သာယာကောင်းသာယာလိမ့်မယ်ပေါ့လေ´ တဲ့



ဘာမှကိုဆက်မပြောနိုင်တော့ပါဘူး အဲဒါနဲ့ပဲ ကျနော်လည်း အိပ်ပျော်အောင်အိပ်ပစ်လိုက်ပါတော့တယ် ။



လမ်းလျှောက်ထွက်ခြင်း (၁)



Thursday, December 10, 2009

မြူနှင်းရောင် ဈာပန

လေညှင်းသံ တိုးအက်ဆိတ်လျ
လူငယ်တစ်ယောက်ရဲ့ နှင်းဆီရောင်ဈာပနမှာ
ငှက်ဆိုးတွေ ပိုလှနေကြတယ် မသီတာ
ခေါင်းလောင်းသံအိုအိုဟာ ပိုမိုကွဲရှနေသလိုပဲ
ဘယ်လို အခမ်းအနားလဲကွယ်
မြူခိုးတွေ သီဝေပြန့်ကျဲ
လရောင်တွေလည်း ဖြိုးဖြိုးဖျောက်ဖျောက် ရွာနေခဲ့တယ် ။

စက်ရုံတွေမီးခိုးတိတ်နေရဲ့ 
ကြယ်နဲ့ လ လည်း တစ်ယောက်ကိုတစ်ယောက်
သေခန်းဖြတ်လိုက်ကြတယ် ...
မသီတာရေ ...
ကျနော့်အိပ်မက်တွေထဲမှာ
မသီတာက လူယောင်ဆောင်ခဲ့တာလား၊
ကျနော့်မှာတော့ ...
အရောင်ဖျော့နေတဲ့ လရိပ်ကလေးကို
အိပ်ပျော်အောင် ချော့သိပ်နေလိုက်ရတာ
ပြောပြောဆိုဆိုနဲ့ 
မပြောမဆိုဘဲမိုးလင်းသွားလေရဲ့ ။

တစ်ရံတစ်ခါက
မသီတာကို ကျွန်တော်စတွေခဲ့ချိန်မှာ
ခတ္ထာတွေလည်း ပွင့်နေကြပါပြီ
ကျွန်တော်က မသီတာကိုချစ်တယ်ဆိုတာ
ကုလားအုပ်က ကန္တရကိုချစ်သလိုမျိုး
မသီတာချစ်သူက မသီတာကို ချစ်သလိုမျိုး
အဲဒါတွေထက် ပိုပါတယ်
မသီတာရဲ့နာမည်မဟုတ်တဲ့ မသီတာဆိုတဲ့နာမည်လေးကိုခေါ်ဆို
ကျွန်တော့်နှုတ်ခမ်းလေးတွေလည်း ချိုနေတတ်ခဲ့တယ် ။

ဒါပေမယ့်ပေါ့မသီတာရယ်
ကျနော့်ကိုကျနော်ပြန်ဖတ်ရင်
ကြက်ခြေခတ်တွေပဲ တွေ့နေခဲ့ရတယ်
ဆပ်ပြာပူဖောင်းတစ်လုံးပေါ်ကိုပွင့်တဲ့ဆူး
ဘယ်သူတွေများခူးယူလာခဲ့တာလဲမသီတာ
အမှောင်ယိုင်ယိုင်နဲ့ အရက်ဆိုင်အိုလေးထဲမှာ
မသဲကွဲတာတွေ မေးရင်းဖြေရင်းနဲ့
ဖန်ခွက်လေးပဲ လဲသွားခဲ့ရှာတယ်
လူမိုက်လေးရဲ့ ညတစ်ဘက်ခြမ်းမှာတော့
အလင်းတွေ ချို့တဲ့ဆဲပေါ့ မသီတာ ။

ကျနော်
မြူတွေ ဝေလိုက်တာ မသီတာရယ် ...
မမြင်ချင်မှ အဆုံး
ညကို အလုံးစုံဖုံးပစ်ပါရောလား ...
အမိန့် ပေးလိုက်တော့ကွယ်
အမိန့် ပေးလိုက်တော့ ...
ဒီဘ၀ ဒီမျှနဲ့ ကျွန်တော့်ကို အမျှဝေလိုက်တော့ ။

မြူနှင်းတွေ အဝေးကြီးမှာ ဝေနေတယ် မသီတာ
ဘယ်က အတတ်ပညာနဲ့ လှမ်းမျှော်မွှေးချို ရမလဲ ။

လမ်းမတွေ မှုန်ဝေမှိုင်းညှို့
ကျွန်တော့် ခြေရာတောင် ကျွန်တော် ပြန်ရှာလို့မရတော့ဘူး
ကျနော့်ကို ထားခဲ့ပါတော့ မသီတာ
သွားစရာရှိတာ သွားပါ
နေစရာရှိတဲ့လူက နေခဲ့ရတော့မှာပဲမဟုတ်လား
ပြန်ဆုံစရာ ကံမကုန်ချင်သေးဘူး မသီတာ
ခတ္တာတွေ ဘုရားမှာတင် ကျွန်တော် ဆုတောင်းချင်ပါသေးတယ်
ကျွန်တော် ဘယ်တော့မှာမှ ပြည့်မယ်မှန်းမသိတဲ့ဆုတွေ
တောင်းချင်ပါသေးတယ် ။

(ရနံ့တွေ ဟောက်ပက်ဖြစ်နေတဲ့ စက္ကူပန်းတစ်ရွက်က
ကျွန်တော့်ရှေ့ကို ကြွေကြလာပါတော့တယ်)

အဲဒီညကပေါ့
မီးပုံကြီးထဲ ခုန်ချသွားတဲ့ ကျနော့်ဝိဥာဉ်မှာ
စိတ်ကိုခွဲထုတ်ထားတဲ့ ဓားရာတွေပါသွားတယ်
အိပ်မက်ထဲမှာပွင့်တဲ့ပန်းကို စိတ်ကူးနဲ့တော့ နမ်းခွင့်ပေးပါမသီတာ
သူရဲကောင်းဆိုတာ စစ်ပွဲရဲ့နောက်လိုက်တစ်ပါးမဟုတ်ပါဘူး
ကျနော့်ကိုယ်ကျနော် ပွေ့ပိုက်
ဒီ့ထက်မိုက်လည်း မိုက်ပါစေတော့ ။

(ဗေဒါမှတ်တမ်း ၊ ကျမ်းတစ်အုပ်ကိုပိုက် ၊လူမိုက်ကလေးရဲ့သန်းခေါင်ယံဟာ လရောက်ဖြူကိုပန်မယ်မသီတာ . . )


ရိုးရာ ၊
နေ့သစ်ကကြိုးရှင်

ရာ တာရာမင်းဝေ၏ ကျွန်တော်နှင့် မြူနှင်းဝေသောညများကို ခံစားရေးဖွဲ့ပါသည်

ကဗျာတစ်ပိုဒ်ဖြင့် ပါဝင်ကူညီခဲ့သော
ကိုဇာတိ အား ကျေးဇူးတင်ပါသည်။



Thursday, December 3, 2009

လူအတစ်ကောင်ရဲ့ အန်ဖတ်

လူအတစ်ကောင်ရဲ့ အန်ဖတ်

 

ကျနော်က ကမ်းလဲမမြင် တဲ့အကန်း

လမ်းမမြင်ရပဲ လန်းနေတဲ့ကောင်

မှောင်လို့လားလို့မေးတော့

ပြောဖူးပါတယ်

မျက်မမြင်သိသောအလင်းဟာ အမှောင်လို့

ဒီမှာ . . . တစ်ခါပြောနဲ့ မှတ်ထားဗျာ

ထပ်ခါထပ်ခါ ပြောနေရတာ

ကွက်စိပ်ဟောတဲ့လူတွေရဲ့အလုပ်

ကြည့်လိုက်ရင် မှုန်ကုပ်ကုပ်နဲ့

အမြင်ကမှုန်တော့လည်း

ကုတ်တာတောင်နေရာလွဲတာပေါ့လေ

တစ်ခါတစ်လေဟုတ်လား

မနေ့ကလည်းတစ်ခါကြားလိုက်သလိုပဲ

တစ်နေ့လာလည်း တစ်ခါတစ်လေ

ဘတ်စ်ကားက မှတ်တိုင်တွေကိုမစောင့်ဘူးဗျ

အာဒမ်နဲ့ဧ၀က ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့

နည်းနည်းလေးတော့ဖြစ်ဖြစ်သက်ဆိုင်တယ်တော့ထားလိုက် ။

မဆိုင်လည်း ဆိုင်ပစ်လိုက်မှာပဲမဟုတ်လား ။

ဆိုင်ကနေမှ ၀ယ်လို့မရတာ . . .

မျက်နှာချင်းဆိုင်က လာတာလေ

သူကလည်း သူ့အထာနဲ့တော့ သူပေါ့ဗျ

သူ အ, တာတော့ဘယ်ဟုတ်မလဲ

အဲဒါလည်း သူ့အထာပဲကိုး။

ဒါလေးတောင်မသိရင်တော့

ဦးနှောက်က ဆိုဒ်သေးတယ်ထင်တယ်

အော်ဒါမှာထားသေးလား

တွေးတတ်ခေါ်တတ်တဲ့ကောင် ဆိုဒ်ကြီးကြီးရချင်တယ်လို့များ. . .

တွေးပီးမှ လှမ်းခေါ်ဖို့တော့ သိထားဗျနော်

မတွေးပဲလှမ်းခေါ်လိုက်ရင်လည်း

အန္တရာယ်က ခပ်များများလေ

ခင်ဗျားကတော့ ဘယ်ပဲသွားသွား

အဖော်လေးနဲ့မှမဟုတ်လား ။

အဖော်မပါရင် နိဗ္ဗာန်တောင်မသွားဘူးဆိုတော့

ဒီတစ်သက်တော့ ရောက်မယ်မထင်ဘူး။

စိတ်ရောကိုယ်ရောနှစ်ထားပြီးမှ

အနှစ်သာရမရှိခဲ့တာ

နှစ်တွေဘယ်လောက်ကြာပြီလဲ. . . .

အစွန်အဖျား လျှောက်ပြီးတင် မထားနဲ့

မတော်ရင်ကျကွဲတတ်တယ်လို့လည်း

လျှောက်တင်ပါရစေ

ဒီလောက်ကြာအောင်ရေမြင့်ပေးနေလည်း

ကြာကတော့တင့်မလာဘူး

ရေစက်ကိုတောင်မှ

ရေတွက်ပြီးချနေတာပဲဗျာ. . . .

ပြောရတာများလာတော့

အသံတွေ အသွားအလာမရှိတော့ပဲ

အ , သွား ကြရှာပြီ ။

စန္ဒရားခုံပေါ်က အံလွဲနေတဲ့ လက်များ

စန္ဒရားခုံပေါ်က အံလွဲနေတဲ့ လက်များ

 

စန္ဒရားခုံပေါ်က အံလွဲနေတဲ့ လက်တစ်စုံ

 

အသံပြန်ညှိဖို့ ကြိုးစားတိုင်း

တစ်ပိုင်းပြတ်ထွက်နေတတ်တဲ့စိတ်တွေ

ကိုယ့်လက်ကိုယ်

နယ်မြေရှာမတွေ့နိုင်ဘူး. . . .။ (ရိုးရာ)

 

စန္ဒရားခုံပေါ်က အံလွဲနေတဲ့ လက်တစ်စုံ

 

စန္ဒရားခုံပေါ်က

                ကံတရားနဲ့

အံလွဲနေတဲ့

              စကားလုံးများကြား

              မှား နေသော . . .

လက်တစ်စုံ. . . .        (သူရဿဝါ)

 

စန္ဒရားခုံပေါ်က အံလွဲနေတဲ့ လက်တစ်စုံ

 

အဓိက က စန္ဒရားခလုတ်တွေဆီကို

                                     ရည်စူးခဲ့တာပါ

           အသံကြောင့် ငါ့လက်တွေသာ

                                               မသေခဲ့ရင်. . . ။ (ဇာတိ)

 

စန္ဒရားခုံပေါ်က အံလွဲနေတဲ့ လက်တစ်စုံ

 

အလွတ်ပညာသင်ကျောင်းကို အစောကြီးသွားပြီး

သီချင်းကောင်းလေးတွေကို နားထောင်ခဲ့ဖူးတယ်..

အဲဒါဟာ ၁၉၉၉ ခုနှစ် နိုဝင်ဘာမနက်ခင်းတွေ ဖြစ်တယ်..

အသက်ဆယ့်ရှစ်နှစ်အရွယ် ကားလမ်းဖြတ်ကူးတိုင်း

ချစ်သူလက်ကို တင်းတင်းဆုပ်ထားမိတယ်...

တကယ်တော့ အချိန်ကာလဟာ ငါတို့ကို ဘယ်လိုတင်ဆောင်သွားမယ် မသိနိုင်ခဲ့...

စိတ်ကူးပေါက်ရာ ဂီတနဲ့

ငါအခု ဘ၀ကိုဘယ်လိုကျောက်ချရမယ် မသိနိုင်တော့... ။ (မိုးလှိုင်ည)

 

စန္ဒရားခုံပေါ်က အံလွဲနေတဲ့ လက်တစ်စုံ

 

ဘ၀ကူးမကောင်းခဲ့ပါဘူး
အခုတော့
အံလွဲနေတဲ့လက်တစ်စုံကိုခြေရာပြန်ကောက်ရင်း
အသံတိတ်သီချင်းတစ်ပုဒ်နဲ့
ငါတို့မိုးချုပ်ရပြီ ။ (အမည်မဲ့)

 

စန္ဒရားခုံပေါ်က အံလွဲနေတဲ့ လက်တစ်စုံ

 

တရွေ့ ရွေ့  သွားနေတဲ့ လက်တွေ ။
တလက်လက် ရွေ့ နေတဲ့ အသွားထက်ထက် ၊
အနက်ရောင် သစ်သားပြင် ။
အဖြူရောင် ၊ အနက်ရောင် ။
ပြင်ဆင်ခွင့် မရှိတဲ့ မှတ်စုစာရွက်ပေါ်က
သင်္ကေတ တချို့  ။
သင်္ကေတ မရှိတဲ့ မှတ်စုစာရွက်ပေါ်က
ပြင်ဆင်ခွင့် အချို့  ။
ဘယ်နဲ့ ညာ မတူတော့သလို ၊ ငါ့ လက်နှစ်ဖက်
ဘယ်ညာ ပြန်လွဲနေတယ် ။
ငါကိုယ်တိုင် ၊ ငါဟာ ငါ မဟုတ်တော့သလို ။
ငါ မဟုတ်တော့တဲ့ ငါက ၊ ငါ မဟုတ်တော့သလို ။
မဟုတ်ဘူး ၊ မဟုတ်ဘူး ။
မင်းတို့ ထင်တဲ့ ၊ ငါ ဆိုတာ ၊ ငါ မဟုတ်ဘူး ။
တကယ်တော့ ၊ ငါ ဆိုတာ ၊ ငါ မဟုတ်တဲ့ ငါ ။ (ဆူးခက်မင်း)

 

စန္ဒရားခုံပေါ်က အံလွဲနေတဲ့ လက်တစ်စုံ

 

တိတ်တိတ်လေးပါပဲ...
တစ်ကယ့် ကိုတိတ်တိတ်လေးပဲပေါ့ ...
ဘာသံမှကိုမကြားရအောင်.....
အားလုံးကို တိတ်ပစ်လိုက်တယ်....
သံစဉ်တစ်ခုလုံး....
အံလွဲနေတဲ့ ကျုပ်လက်တစ်စုံအောက်မှာပဲ
တိတ်ဆိတ်ဖူးခဲ့ တာလေ...
တစ်ကယ်တော့ ရင်တွင်းဂီတမှာ ဘာရစ်သမ်မှမပါပါဘူး.. ။  (ရင်ခွင်ရှိန်း)

 

စန္ဒရားခုံပေါ်က အံလွဲနေတဲ့ လက်တစ်စုံ

 

လက်တစ်စုံက စန္ဒယားခုံပေါ်မှာ

သတိလက်လွတ်......

စန္ဒယားထဲကအော်သံ

သွေးဆာနေတဲ့တိုက်ပွဲခေါ်သံတွေနဲ့

ဒီဇင်ဘာကမျက်နှာတောင်မသစ်ရသေးဘူး။

သံစဉ်တွေလွဲတုန်း.....

စစ်ပွဲတွေရှုံးတုန်း.....

မင်းကလည်းမုန်းတုန်းပဲ....    (ယုံယုံ)

 

စန္ဒရားခုံပေါ်က အံလွဲနေတဲ့ လက်တစ်စုံ

ငါမငိုပါဘူး….(ကျရှုံးခြင်းဟာ..ရင်ခွင်နေရာတိုင်းမှာ အဆက်မပြတ် လွင့်ဝဲ သက်ဆင်းနေဆဲ….)

 အသိစိတ်က မသိစိတ်ကို ပက်ပက်စက်စက် ကျိန်ဆဲ ချိန်…..

 စိတ္တဇ ရောင် တေးသွားတွေကလဲ…. မချိုမြိန်လှဖူး ရယ်…..

 တကယ်တော့…….

တကယ်တမ်းမှာတော့……………..

………………………………………………………………..

သံယောဇဉ်ဆိုတာ

ကူကယ်ရာမဲ့သော….မြေနိမ့် ချိုင့်ဝှမ်းတခုသာ.

ဖြစ်သင့်…..

ဖြစ်ထိုက်…..

ဖြစ်ခဲ့ ရပါတယ်……..     (နွေးနွေးသဲမွန်)

 

စန္ဒရားခုံပေါ်က အံလွဲနေတဲ့ လက်တစ်စုံ

မေရေ ...
အခုတီးနေတာ
တေးသွားနံပါတ် ၃၁၊
လူသေတို့ ရဲ့  သစ်ပင်ဂီတ၊
လက်ညှိုးကွေးစရာ မလိုဘဲ
ကြယ်တွေကြွေတဲ့ ညအနီ   (နေ့သစ်)

 

 

21 Guns

21 Guns

 

ရှင်သန်မှုက တန်ဖိုးမရှိတော့ဘူးဆိုရအောင်

တိုက်ပွဲတစ်ပွဲရဲ့ တန်ဖိုးက ဘာလဲသိလား

အသက်ရှူသံတွေ အဝေးထွက်သွားချိန်ခဏတော့

မွန်းကျပ်မှုတွေ ခံစားရမှာပေါ့ ။

 

နာကျင်မှုက ဂုဏ်သိက္ခာထက်ပိုမိုလေးလံလာတဲ့အခါ

ပုန်းစရာနေရာလေးတစ်နေရာလောက်ပေးပါ ။

တစ်စုံတစ်ယောက်ကများ

နှလုံးသားထဲကို ချိုးဖျက်စီးနင်းလိုက်မယ်ဆိုရင်

အားလုံး ပျက်စီးသွားရတော့မယ် ။

 

လမ်းရဲ့အဆုံးသတ်တစ်နေရာမှာ

အာရုံထဲမှာ ထိန်းချုပ်နိုင်မှုတွေပျောက်ဆုံးလို့. . .

ဝိဥာဉ်ရဲ့နတ်ဆိုးကို စိတ်တန်ခိုးနဲ့ချိုးနှိမ်လိုက်ချိန်

အတွေးတွေက အဝေးဆုံးထွက်သွားကြရှာပြီ ။

 

ယုံကြည်မှုဟာ ဖန်ကွဲစတွေပေါ်ကို

ဖိနပ်မပါပဲလမ်းလျှောက်နေကြ

တွဲလောင်းချည်လျက်သားက မလွတ်မြောက်နိုင်ခဲ့ဘူး

ဘယ်အရာမှ တည်မြဲဖို့ တည်ဆောက်ထားခဲ့တာမဟုတ်ဘူးလေ

အားလုံး ဟာ ပြို လဲ ပျက် ကြေ သွား. . . . ။

 

ကိုယ်ကိုယ်တိုင် ရပ်တည်ဖို့ ကြိုးစားခဲ့မိရဲ့လားမသိဘူး

မျက်စိရှေ့တည့်တည့်မှာ

မီးဟုန်းဟုန်းတောက်နေတဲ့ အိမ်ကလေး

အဲဒီမီးတောက်တွေနဲ့အနီးဆုံးမှာ

လူလိမ်တစ်ယောက်က

ကျောက်တုံးတစ်တုံးဆီကခွင့်လွှတ်မှုကိုမျှော်လင့်နေသလိုမျိုး

ရပ်နေလိုက်ရ။

 

လက်နက်အပေါင်းတို့

မင်းတို့လက်တွေငိုက်စိုက်ချပြီး

တိုက်ပွဲကိုစွန့်လွှတ်လိုက်ပါတော့။

မင်းတို့နဲ့ငါတို့ရဲ့ လက်တွေကို

ကောင်းကင်ထိရောက်အောင်

ပစ် လွှတ် ဆက် သ လိုက် ပါ စို့ ။

 

GREEN DAY ၏ 21 GUNS သီချင်းအား ဘာသာပြန်ထားခြင်းဖြစ်ပါသည်

 

green day - 21 guns mp3 ဒီနေရာ    မှာ ဒေါင်းလုဒ်ရယူပါ

 

green day - 21 guns mtv ဒီနေရာ    မှာ ဒေါင်းလုဒ်ရယူပါ

 

green day - 21 guns lyrics ဒီနေရာ    မှာ ရယူပါ

Monday, November 30, 2009

အန္ဓအိပ်မက်

အန္ဓအိပ်မက်

အပြုံးတစ်ချက်က
နတ်ပန်းချီတစ်ချပ်လို
စုတ်ချက်ပြင်းတယ်
ညဖွက်တဲ့ နတ်သမီးကကွက်တွေနဲ့
ငါ့ရင်ကိုခွင်း 
ဆွေးအောင်  မင်း တေးသီတယ် . . . . . ။

ငါ. .  . ငေးသည်။ ငါ. . . မောသည်။ ငါ. . . ငေးမောသည်။ ငါ. . .ငေးရင်းမောသည်။ ပန်းချီကားတစ်ချပ်၏ ညှို့မြူမှုကို မခံရပ်နိုင်သောကြောင့် သေဆုံးလုဆဲဆဲနာရီလက်တံတစ်ခုလို ရုန်းတိုးလူးကြွ မိသည်။ ညစောင်းသံနှင့် သန်းခေါင်ယံတေး အရိပ်တွင် အိပ်ဆေးပေးခံရသော ကုတင်အိုအိုတစ်လုံး၏ လေးလံနွမ်းနယ်မှုမျိုးက အသက်ရှူသံကို တုတ်နှောင်ထားခဲ့ကြ သည်။ ငါ့ကို မကယ်ပါနဲ့။ ငါ့ကို မကယ်ကြပါနဲ့။ ငါက ဖိတ်စာတစ်စောင်နဲ့ ကြိုးပေးခံရတဲ့တစ္ဆေတစ်ကောင်ပင် ဖြစ်သည်။

ဖြစ်နိုင်မယ်ဆိုရင်

သဲကန္တာရမှာလည်း

ဥယျာဉ်ဖြစ်အောင် ဖန်ဆင်း

နင့်အတွက် ပျိုးခင်းလေးတွေ သင်းစေမယ်။

ယခုညတွင် ငါသည်ဖိနပ် ငါသည်လမ်းဖြစ်သည်။ ဧဒင်ရနံ့နှင့် သူမကိုသင်းထုံစေရန်

အာဒမ်၏နံရိုးတစ်ချောင်းကို ခိုးဝှက်ခဲ့ မိပါသည်။ငါ ၀န်ခံပါသည်။ ငါ ခိုးဝှက်ခဲ့ပါသည်။

ထိုအပြစ်များအားလုံးအတွက် ငါ့မှာ ဖြေရှင်းရန် စကားတစ်ခွန်းသာရှိသည်။

`ထပ်ပြီးတော့ပြောရဦးမယ်

ဟိုးရှေ့ရှေ့တုန်းကလိုပဲ … ချစ်တယ်။ ။´   ငါဝန်ခံပါသည်။ `ချစ်တယ်´`ချစ်တယ်´။ ထပ်ခါ

ထပ်ခါဝန်ခံပါသည်။ နိုဝင်ဘာရေ နောက်တစ်နေ့များ ကုန်ဆုံးရန်နီးကပ်လာခဲ့ပြီ။

မဆုံဖြစ်ခဲ့တဲ့ မျဉ်းပြိုင်တွေ အကြောင်း…

ကဗျာပေါင်း များစွာမှာ …

ကိုယ်အကြိမ်ကြိမ် ဖတ်ဖူးပါရဲ့ …. ။

ထို့ကြောင့်ပင် မျဉ်းပြိုင်ကို ညီမျှခြင်းဟု မြင်အောင်ကြည့်ခဲ့သည်။ `နင့်ကိုယ်နင်လိမ်ဖို့ နင်ငါ့ကိုညာသည်´ ။

နှင်းအကြီးကြီး ခေါင်ပါပြီ။ မိုးတိမ်များ သေပြီ။ မိုးတိမ်များ သေပြီ ဟု အထိတ်တလန့် ပြေးလွှားလာသော

လေပြေကပြောသည်။ ဇင်ယော် တို့ ငိုကြလေပြီ။ နတ်သမီးရေ နင်ဖတ်ခဲ့သောနိမိတ်က သွေးတိတ်အောင်

မှန်ခဲ့ပါပြီ။ တစ်ယောက်တစ်ခြမ်းနှင့် အလှမ်းကျယ်ကျယ် ဝေးခဲ့ကြပြီ။ ဝေး ပြီ ။ ေ ၀ း ၿ ပ ီ ။ ေ           

။ ေ                                                                                                                   

                                                           ။- - - - - - - - - - - - - - - - - - - - - - - - - - - ။

န င္ နဲ ႔ မ ေ တြ ႕ ရ တဲ့ ေ န ႕ မ ်ိ ဳ း ဆို

မို း တိ မ္ ေ တြ ကို ေ တ ာ င္ င ါ ေ မ ာ ့ မ ၾက ည့် ဖြ စ်

“ ဟု န်း ” ခ နဲ ထေ တာ က် တဲ့  တ ေ စ ၦ ည

ဒီ မှာ . . . . . န င့် ဖု န်းေ ခါ် သံ မ ကြား ရ ဘူး ။

ပြောစရာ မကျန်တော့ပါ။ ကြားစရာတွေလည်း မကျန်တော့ပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ခွဲစိတ်ရန်ကြိုးပမ်းမိသော ဓားတစ်လက်လို ၊ ကိုယ့်ကိုယ်ကိုယ် ပစ်မှတ်ဟုထင်သော မြားတစ်စင်းလို ကိုယ့်ကိုယ်ကိုယ် ပြန်လည်ချည်နှောင်ရန် ကြိုးပမ်းသော ကြိုးတစ်ချောင်းလို တစ်ဘက်ကမ်းခပ် မှားယွင်းခဲ့ခြင်းဖြစ်သည်။ တယ်လီဖုန်းလေးလည်း မမြည်တာ ကြာခဲ့ပြီ။ နင့်ခေါ်သံများကိုလည်း တယ်လီဖုန်းလေး မမှတ်မိတာ ကြာခဲ့ပြီ။ သိပ်မကြာလိုက်သလိုလို နှင့် တော်တော် လေးကိုကြာခဲ့ပါပြီ။

တောင်တန်းတွေဆီကို ငေးလို့ကြည့်မိပါတယ်
ချယ်ရီပန်းတွေ အဆုပ်လိုက် ပွင့်နေပုံက
ယဉ်ယဉ်ကျေးကျေး လှလို့နေရဲ
့ ။

လွင်ပြင်လေးသည်လည်း တောင်ကုန်းတစ်ခုလို ညွတ်ကိုင်းပြချင်စိတ်ရှိနေလိမ့်မည်။ ဆန္ဒနှင့် မမျှသော အိပ်မက်တစ်ပိုဒ် အတွက် အသက်နှင့်လဲသွားခဲ့သော တောအုပ်တစ်ခု၏ စိမ်းစိုတောက်ပမှုများကို ဂုဏ်ပြုနှုတ်ဆက်ကြရန်အတွက် ကမ္ဘာအဆက်ဆက်တေးတစ်ပိုဒ်ကို ရွက်ကြွေများ သီကြူးပေးကြသည်။ တေးမဆိုတတ်တဲ့ ငှက်တွေ အကုန်သေကြ။ ဒီလို တော့ ကျိန်စာတွေမရွတ်ရက်ပါ။ နတ်သမီးမှာ နိုဝင်ဘာကိုဖွက်ထားနိုင်သော အစွမ်းသတ္တိများရှိနေခဲ့သည်။

 

ကံကောင်းထောက်မခဲ့ရင်

ဘ၀ကို

နှင်းတွေနဲ့ပြန်စချင်တယ်။

နှင်းရေ . . . နှင်းရေ. . . ဘာသာပြန်ဆိုထားခြင်းမဲ့သော နှင်းရေ ။ နိုဝင်ဘာလေးသေပါပြီ။

အကျိုးအကြောင်းမဲ့စွာ အထောက်အထားမခိုင်လုံစွာ တရားခံရှာမရလိုက်ပဲ နိုင်ဝင်ဘာ

အသတ်ခံလိုက်ရသည်။ နိုင်ဝင်ဘာလေး သေပါပြီ။ မနက်ဖြန်သာ သက်ရှထင်ရှားရှိနေသေးလျှင်

နှင်းများနှင့်သာ အသစ်တဖန် မိုးလင်းလိုသည်။ နှင်းရေ. . . နှင်းရေ. . . နိုဝင်ဘာလေးကတော့ သေပါပြီ။

အို...........အချင်းစေတန်....
အနမ်းတစ်ပွင့်တောင် ....
                                 ပွင့်ခွင့်မရရှာခဲ့...... ။

ဒီမြေမှာ နှင်းဆီတွေ မပွင့်ကြတော့ဘူး။ ကြမ္မာငင်ရှာလေသော ဖုန်းဆိုးမြေ. . . သုသာန်၏လွန့်လူးသံများနောက်တွင် နှင်းဆီတို့ တနင့်တခဲ ကြွေကြလေပြီ ။ ငါ့မှာ မရှိတော့ပါ ။ ငါကလွဲလို့ ငါ့မှမရှိတော့ပါ။ ငါ့မှာ ငါပင်မရှိတော့ပါ။ နွေရာသီတွင် အရိပ်နှင့်လမ်းခွဲလိုက်သည် ။ ငါ့ကို မိုးမသောက်ခင် မြေချပေးပါ။ နတ်ဆိုးတွေမမြင်ခင်လေးမှာ ငါ့ကိုရှိုက်နမ်းပါ။ နောက်ဆုံးမှာ လက်ပြနှုတ်ဆက်သွားသူက နင်သာဖြစ်သည်။

ဟာသ မမြောက်ခဲ့ပါဘူး

ဒီနေ့ ပါးချိုင့်လေးပေါ် တက်လာတဲ့ ကြွက်တစ်ကောင်ဟာ

ငါ ဖြစ်နေခဲ့တယ် ။

အပြုံးလေးတစ်စနှင့် ပြာကျသွားရသော တစ္ဆေတစ်ကောင်သည် ငါဖြစ်သည်။ ရယ်စရာ မောစရာအဖြစ် ပြန်ပြောပြနိုင်ရန် အထပ်ထပ်အခါခါလေ့ကျင့်ထားသော နင့်ပါးချိုင့်လေးပေါ်တွင် မျက်ဝန်းပေါင်း ဘယ်နှစုံသေဆုံးခဲ့ပါသလဲ။ တမ်းတမ်းတတ မဟုတ်လျှင်တောင်မှ ခရီးသွားဟန်လွဲလေးတော့ နင်ငါ့ကိုလွမ်းပါ။

ကဗျာဆရာရယ် ရှင်ကိုသိပ်လွမ်းလိုက်တာ

နင်ပေးတဲ့ မက်ဆေ့ခ်လေးနဲ့

ငါရန်ကုန်မှာရေနစ်နေတယ်…. ။

တစ်ရံရောအခါကဟု ဆိုခဲ့ပါလျှင် ငါသည် အတိတ်တွင် နေရစ်ခဲ့သူဖြစ်သည်။ ကဗျာဆရာအတွက် ကုန်ကြမ်းဟုဆိုကာ သူမက အလွမ်းတွေ အထုပ်အထည်လိုက် ပေးရစ်ခဲ့သည်။ နတ်သမီးရေ နင်ပေးတဲ့စကားလုံးတွေနဲ့ ငါ့ကဗျာတွေ ယိမ်းနွဲ့လူးကြွနေတယ်။ ကောက်ရိုးတစ်မျှင်ပေးပါ. . .  ကောက်ရိုးတစ်မျှင်ပေးပါဟု ရေနစ်သူက အော်ဟစ်တောင်းဆိုသည်။ နတ်သမီးရေ ငါ့အတွက်တော့ ပိုးချည်မျှင်လေးတစ်မျှင်လောက်သာ မျောလွင့်လာခဲ့ပေးပါကွယ်။

အင်္ကျီအိပ်ကပ်ထဲက

တဆစ်ဆစ် “ အောင့် ” တယ် ။

ခပ်ဖွဖွ ခြုံထားတဲ့ မျက်ရည်စတွေက

စာရွက်လွတ် နဲ့ ဘောပင်ကို ကောက်ကိုင်တယ် ။

 

 

ဗညားရှိန် ၊ သောတ ၊ ကြက်သွန် ၊ နွေးနွေးသဲမွန် ၊ သူရဿဝါ ၊ မင်းယွန်းသစ် ၊ ဇာတိ ၊ပိုးဥ ၊ ရုပ်သေး ၊ မိုးလှိုင်ည ၊ ညီစိမ်း တို့၏ကဗျာများကို အသုံးပြုထားပါသည်။

 

မသက်ဝေကို ပြောပြရန်ရှိသည်

မသက်ဝေကို ပြောပြရန်ရှိသည်

 

 

 

ခွင့်ပြုပါ. . .

တစ်ခုခုပြောဖို့ခွင့်ပြုပေးပါ. . .

တစ်ခုခုအကြောင်း ပြောပြဖို့ ခွင့်ပြုပေးပါ. . .

စာအုပ်ထဲက အနီရောင် အမှတ်အသားတွေအကြောင်း. . .

နွေရာသီမှာလမ်းလျှောက်နေပြီး

ထီးဆောင်းရင်း စိုနေတဲ့ကောင်အကြောင်း. . .

ပြီးတော့. . . ပြီးတော့. . .  ပြီးသွားတော့မယ့် အကြောင်းတွေ

ပြောခွင့်ပြုပါ မသက်ဝေ။

 

မနေ့ညက

အိပ်မက်ထဲကို ပြန်အရောက်မှာ

နိုဝင်ဘာမရှိတော့ဘူးတဲ့မသက်ဝေရယ်

နှင်းတွေလည်းငိုလိုက်ကြတာ

ကျနော့်မှာတောင်မှာ ဆို့နင့်ကြေမွလို့. . . .။

 

ဒီလိုနဲ့

ကျနော်ဟာ

ခြေရာအဟောင်းကိုပြန် , ပြန်နင်းမိတိုင်း

တနင့်နင့်လွမ်းတတ်တဲ့

ဖိနပ်လေးတစ်ရံဖြစ်ခဲ့ . . . ။

 

သွားတောင်မသွားရသေးပဲနဲ့

ဘာလို့ဝေးတယ်ပြောလဲ မသက်ဝေ

ခရီးက နီးနေပြီး ၊ အမြင်ချင်း ဝေး နေခဲ့တာ

နှုတ်ဆက်တာတဲ့လား. . .

ဘူတာရုံဟာ တစ်ခြမ်းပြိုကျသွားလိုက်ရ. . .

ရင်ဘတ်ဟောင်းလောင်းနဲ့

ကျနော်ငိုခဲ့ရတယ် မသက်ဝေရယ်. . . ။

 

မြစ်က မြစ်လိုစီးပေမယ့်

လှေကလှေလို မမျောတတ်ခဲ့ဘူး

ဒီလိုပါပဲမသက်ဝေရယ်. . .

ကျနော်က အမြဲတမ်းဆိုတာထက်

ပိုမိုလွဲချော်တတ်တဲ့ကောင်မဟုတ်လား ။

 

ပြောခွင့်ပြုပါ. . .

တစ်ခုခုပြောဖို့ခွင့်ပြုပေးပါ. . .

တစ်ခုခုအကြောင်း ပြောပြဖို့ ခွင့်ပြုပေးပါ. . .

မသက်ဝေကို ပြောပြဖို့ရှိနေတဲ့ တစ်ခုခုအကြောင်းကို

ဟိုးတုန်းကလို ပြန်ပြောပြနိုင်ဖို့ ခွင့်ပြုပေးပါ. . . . .

နင်တစ်ဝက်ငါတစ်ဝက်နဲ့ငါတစ်ဝက်နင်တစ်ဝက်ထမ်းထားတဲ့ကောင်းကင်

 

 

 

 


နင်တစ်ဝက်ငါတစ်ဝက်နဲ့ငါတစ်ဝက်နင်တစ်ဝက်ထမ်းထားတဲ့ကောင်းကင်



မနက်ဖြန်ကို မနက်ဖြန်လို့မမြင်ခင်ကတည်းက

နင့်ကို ငါ့်ရဲ့တစ်ဝက်တစ်ခြမ်းလို့ ငါမြင်တတ်ခဲ့တာ

မိသုနြေ္ဒရေ. . .  ခုတော့

မိုးကတောင် ငါ့ကိုတစ်ဝက်ပဲစိုအောင်ရွာတယ်။

 

တိမ်အသေတွေပါလားမိသုနြေ္ဒ

ဟိုးမှာ. . ဟိုး. . . . .မှာ လေ

ခပ်နိမ့်နိမ့် သေနေကြတာကွယ်

လေပြေဟာတောင် သူတို့နဲ့မဆိုင်လိုက်သလိုပါပဲ။

 

နင်မေ့ထားလိုက်တာလားမိသုနြေ္ဒ

နင်က ငါတစ်ဝက်နဲ့ နင်ဖြစ်သလို

ငါကလည်း နင်တစ်ဝက်နဲ့ငါဖြစ်နေခဲ့တာ

တကယ်ဆိုတော့ ငါတို့ဟာ

တစ်ယောက်စီရဲ့ ပျောက်ဆုံးနေတဲ့အစိတ်အပိုင်းတွေပါ။

 

ကျောက်ခေတ်လူသားက

မီးကိုရှာဖွေတွေ့ရှိသလိုမျိုး

ကန္တာရက စမ်းချောင်းကိုရှာဖွေတွေ့လိုက်သလိုမျိုး

မီးခိုးတန်းက ကောင်းကင်ကိုရှာဖွေတွေ့ရှိလိုက်သလိုမျိုး

ငါနင့်ကိုရှာဖွေတွေ့လာခဲ့တာပါ မိသုနြေ္ဒ ။

 

တရွေ့ရွေ့  . . .

တ. . . ရွေ့  . . . ရွေ့  . . .  ရွေ့     နေ

မုန်တိုင်းမှာ ပန်းတွေပွင့်လာတယ်မိသုနြေ္ဒ

မုန်တိုင်းကပန်းတွေသယ်လာတာမဟုတ်ဘူးနော်

မုန်တိုင်းမှာ ပန်းတွေပွင့်လာကြတာ ။

 

ဖြည်းဖြည်းပဲသွားပါ

ခလုတ်တွေတိုက်မိနေဦးမယ်

နင့်နောက်ကလိုက်မလာသလို

နင့်ကိုလဲဆွဲမထားပါဘူး မိသုနြေ္ဒရယ်။

 

သွားတော့နော်. . .

မနက်ဖြန်ဟာ မနက်ဖြန်မဖြစ်ခင်မှာ

ငါတစ်ဝက်ဟာနင်ဖြစ်လျက်ပါသွား

နင်တစ်ဝက်က ငါ့ဆီကထွက်သွားကြ. . . . . . . . .။