Monday, November 30, 2009

အန္ဓအိပ်မက်

အန္ဓအိပ်မက်

အပြုံးတစ်ချက်က
နတ်ပန်းချီတစ်ချပ်လို
စုတ်ချက်ပြင်းတယ်
ညဖွက်တဲ့ နတ်သမီးကကွက်တွေနဲ့
ငါ့ရင်ကိုခွင်း 
ဆွေးအောင်  မင်း တေးသီတယ် . . . . . ။

ငါ. .  . ငေးသည်။ ငါ. . . မောသည်။ ငါ. . . ငေးမောသည်။ ငါ. . .ငေးရင်းမောသည်။ ပန်းချီကားတစ်ချပ်၏ ညှို့မြူမှုကို မခံရပ်နိုင်သောကြောင့် သေဆုံးလုဆဲဆဲနာရီလက်တံတစ်ခုလို ရုန်းတိုးလူးကြွ မိသည်။ ညစောင်းသံနှင့် သန်းခေါင်ယံတေး အရိပ်တွင် အိပ်ဆေးပေးခံရသော ကုတင်အိုအိုတစ်လုံး၏ လေးလံနွမ်းနယ်မှုမျိုးက အသက်ရှူသံကို တုတ်နှောင်ထားခဲ့ကြ သည်။ ငါ့ကို မကယ်ပါနဲ့။ ငါ့ကို မကယ်ကြပါနဲ့။ ငါက ဖိတ်စာတစ်စောင်နဲ့ ကြိုးပေးခံရတဲ့တစ္ဆေတစ်ကောင်ပင် ဖြစ်သည်။

ဖြစ်နိုင်မယ်ဆိုရင်

သဲကန္တာရမှာလည်း

ဥယျာဉ်ဖြစ်အောင် ဖန်ဆင်း

နင့်အတွက် ပျိုးခင်းလေးတွေ သင်းစေမယ်။

ယခုညတွင် ငါသည်ဖိနပ် ငါသည်လမ်းဖြစ်သည်။ ဧဒင်ရနံ့နှင့် သူမကိုသင်းထုံစေရန်

အာဒမ်၏နံရိုးတစ်ချောင်းကို ခိုးဝှက်ခဲ့ မိပါသည်။ငါ ၀န်ခံပါသည်။ ငါ ခိုးဝှက်ခဲ့ပါသည်။

ထိုအပြစ်များအားလုံးအတွက် ငါ့မှာ ဖြေရှင်းရန် စကားတစ်ခွန်းသာရှိသည်။

`ထပ်ပြီးတော့ပြောရဦးမယ်

ဟိုးရှေ့ရှေ့တုန်းကလိုပဲ … ချစ်တယ်။ ။´   ငါဝန်ခံပါသည်။ `ချစ်တယ်´`ချစ်တယ်´။ ထပ်ခါ

ထပ်ခါဝန်ခံပါသည်။ နိုဝင်ဘာရေ နောက်တစ်နေ့များ ကုန်ဆုံးရန်နီးကပ်လာခဲ့ပြီ။

မဆုံဖြစ်ခဲ့တဲ့ မျဉ်းပြိုင်တွေ အကြောင်း…

ကဗျာပေါင်း များစွာမှာ …

ကိုယ်အကြိမ်ကြိမ် ဖတ်ဖူးပါရဲ့ …. ။

ထို့ကြောင့်ပင် မျဉ်းပြိုင်ကို ညီမျှခြင်းဟု မြင်အောင်ကြည့်ခဲ့သည်။ `နင့်ကိုယ်နင်လိမ်ဖို့ နင်ငါ့ကိုညာသည်´ ။

နှင်းအကြီးကြီး ခေါင်ပါပြီ။ မိုးတိမ်များ သေပြီ။ မိုးတိမ်များ သေပြီ ဟု အထိတ်တလန့် ပြေးလွှားလာသော

လေပြေကပြောသည်။ ဇင်ယော် တို့ ငိုကြလေပြီ။ နတ်သမီးရေ နင်ဖတ်ခဲ့သောနိမိတ်က သွေးတိတ်အောင်

မှန်ခဲ့ပါပြီ။ တစ်ယောက်တစ်ခြမ်းနှင့် အလှမ်းကျယ်ကျယ် ဝေးခဲ့ကြပြီ။ ဝေး ပြီ ။ ေ ၀ း ၿ ပ ီ ။ ေ           

။ ေ                                                                                                                   

                                                           ။- - - - - - - - - - - - - - - - - - - - - - - - - - - ။

န င္ နဲ ႔ မ ေ တြ ႕ ရ တဲ့ ေ န ႕ မ ်ိ ဳ း ဆို

မို း တိ မ္ ေ တြ ကို ေ တ ာ င္ င ါ ေ မ ာ ့ မ ၾက ည့် ဖြ စ်

“ ဟု န်း ” ခ နဲ ထေ တာ က် တဲ့  တ ေ စ ၦ ည

ဒီ မှာ . . . . . န င့် ဖု န်းေ ခါ် သံ မ ကြား ရ ဘူး ။

ပြောစရာ မကျန်တော့ပါ။ ကြားစရာတွေလည်း မကျန်တော့ပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ခွဲစိတ်ရန်ကြိုးပမ်းမိသော ဓားတစ်လက်လို ၊ ကိုယ့်ကိုယ်ကိုယ် ပစ်မှတ်ဟုထင်သော မြားတစ်စင်းလို ကိုယ့်ကိုယ်ကိုယ် ပြန်လည်ချည်နှောင်ရန် ကြိုးပမ်းသော ကြိုးတစ်ချောင်းလို တစ်ဘက်ကမ်းခပ် မှားယွင်းခဲ့ခြင်းဖြစ်သည်။ တယ်လီဖုန်းလေးလည်း မမြည်တာ ကြာခဲ့ပြီ။ နင့်ခေါ်သံများကိုလည်း တယ်လီဖုန်းလေး မမှတ်မိတာ ကြာခဲ့ပြီ။ သိပ်မကြာလိုက်သလိုလို နှင့် တော်တော် လေးကိုကြာခဲ့ပါပြီ။

တောင်တန်းတွေဆီကို ငေးလို့ကြည့်မိပါတယ်
ချယ်ရီပန်းတွေ အဆုပ်လိုက် ပွင့်နေပုံက
ယဉ်ယဉ်ကျေးကျေး လှလို့နေရဲ
့ ။

လွင်ပြင်လေးသည်လည်း တောင်ကုန်းတစ်ခုလို ညွတ်ကိုင်းပြချင်စိတ်ရှိနေလိမ့်မည်။ ဆန္ဒနှင့် မမျှသော အိပ်မက်တစ်ပိုဒ် အတွက် အသက်နှင့်လဲသွားခဲ့သော တောအုပ်တစ်ခု၏ စိမ်းစိုတောက်ပမှုများကို ဂုဏ်ပြုနှုတ်ဆက်ကြရန်အတွက် ကမ္ဘာအဆက်ဆက်တေးတစ်ပိုဒ်ကို ရွက်ကြွေများ သီကြူးပေးကြသည်။ တေးမဆိုတတ်တဲ့ ငှက်တွေ အကုန်သေကြ။ ဒီလို တော့ ကျိန်စာတွေမရွတ်ရက်ပါ။ နတ်သမီးမှာ နိုဝင်ဘာကိုဖွက်ထားနိုင်သော အစွမ်းသတ္တိများရှိနေခဲ့သည်။

 

ကံကောင်းထောက်မခဲ့ရင်

ဘ၀ကို

နှင်းတွေနဲ့ပြန်စချင်တယ်။

နှင်းရေ . . . နှင်းရေ. . . ဘာသာပြန်ဆိုထားခြင်းမဲ့သော နှင်းရေ ။ နိုဝင်ဘာလေးသေပါပြီ။

အကျိုးအကြောင်းမဲ့စွာ အထောက်အထားမခိုင်လုံစွာ တရားခံရှာမရလိုက်ပဲ နိုင်ဝင်ဘာ

အသတ်ခံလိုက်ရသည်။ နိုင်ဝင်ဘာလေး သေပါပြီ။ မနက်ဖြန်သာ သက်ရှထင်ရှားရှိနေသေးလျှင်

နှင်းများနှင့်သာ အသစ်တဖန် မိုးလင်းလိုသည်။ နှင်းရေ. . . နှင်းရေ. . . နိုဝင်ဘာလေးကတော့ သေပါပြီ။

အို...........အချင်းစေတန်....
အနမ်းတစ်ပွင့်တောင် ....
                                 ပွင့်ခွင့်မရရှာခဲ့...... ။

ဒီမြေမှာ နှင်းဆီတွေ မပွင့်ကြတော့ဘူး။ ကြမ္မာငင်ရှာလေသော ဖုန်းဆိုးမြေ. . . သုသာန်၏လွန့်လူးသံများနောက်တွင် နှင်းဆီတို့ တနင့်တခဲ ကြွေကြလေပြီ ။ ငါ့မှာ မရှိတော့ပါ ။ ငါကလွဲလို့ ငါ့မှမရှိတော့ပါ။ ငါ့မှာ ငါပင်မရှိတော့ပါ။ နွေရာသီတွင် အရိပ်နှင့်လမ်းခွဲလိုက်သည် ။ ငါ့ကို မိုးမသောက်ခင် မြေချပေးပါ။ နတ်ဆိုးတွေမမြင်ခင်လေးမှာ ငါ့ကိုရှိုက်နမ်းပါ။ နောက်ဆုံးမှာ လက်ပြနှုတ်ဆက်သွားသူက နင်သာဖြစ်သည်။

ဟာသ မမြောက်ခဲ့ပါဘူး

ဒီနေ့ ပါးချိုင့်လေးပေါ် တက်လာတဲ့ ကြွက်တစ်ကောင်ဟာ

ငါ ဖြစ်နေခဲ့တယ် ။

အပြုံးလေးတစ်စနှင့် ပြာကျသွားရသော တစ္ဆေတစ်ကောင်သည် ငါဖြစ်သည်။ ရယ်စရာ မောစရာအဖြစ် ပြန်ပြောပြနိုင်ရန် အထပ်ထပ်အခါခါလေ့ကျင့်ထားသော နင့်ပါးချိုင့်လေးပေါ်တွင် မျက်ဝန်းပေါင်း ဘယ်နှစုံသေဆုံးခဲ့ပါသလဲ။ တမ်းတမ်းတတ မဟုတ်လျှင်တောင်မှ ခရီးသွားဟန်လွဲလေးတော့ နင်ငါ့ကိုလွမ်းပါ။

ကဗျာဆရာရယ် ရှင်ကိုသိပ်လွမ်းလိုက်တာ

နင်ပေးတဲ့ မက်ဆေ့ခ်လေးနဲ့

ငါရန်ကုန်မှာရေနစ်နေတယ်…. ။

တစ်ရံရောအခါကဟု ဆိုခဲ့ပါလျှင် ငါသည် အတိတ်တွင် နေရစ်ခဲ့သူဖြစ်သည်။ ကဗျာဆရာအတွက် ကုန်ကြမ်းဟုဆိုကာ သူမက အလွမ်းတွေ အထုပ်အထည်လိုက် ပေးရစ်ခဲ့သည်။ နတ်သမီးရေ နင်ပေးတဲ့စကားလုံးတွေနဲ့ ငါ့ကဗျာတွေ ယိမ်းနွဲ့လူးကြွနေတယ်။ ကောက်ရိုးတစ်မျှင်ပေးပါ. . .  ကောက်ရိုးတစ်မျှင်ပေးပါဟု ရေနစ်သူက အော်ဟစ်တောင်းဆိုသည်။ နတ်သမီးရေ ငါ့အတွက်တော့ ပိုးချည်မျှင်လေးတစ်မျှင်လောက်သာ မျောလွင့်လာခဲ့ပေးပါကွယ်။

အင်္ကျီအိပ်ကပ်ထဲက

တဆစ်ဆစ် “ အောင့် ” တယ် ။

ခပ်ဖွဖွ ခြုံထားတဲ့ မျက်ရည်စတွေက

စာရွက်လွတ် နဲ့ ဘောပင်ကို ကောက်ကိုင်တယ် ။

 

 

ဗညားရှိန် ၊ သောတ ၊ ကြက်သွန် ၊ နွေးနွေးသဲမွန် ၊ သူရဿဝါ ၊ မင်းယွန်းသစ် ၊ ဇာတိ ၊ပိုးဥ ၊ ရုပ်သေး ၊ မိုးလှိုင်ည ၊ ညီစိမ်း တို့၏ကဗျာများကို အသုံးပြုထားပါသည်။