Sunday, November 29, 2009

၁း ၂း ၃

၁းက

သတ်ပုံမေ့သွားသော ပုစ္ဆာ

a+b+c-a-b-c = 0

နာရီသံ ခုနှစ်ချက်

ရက်စွဲမပါသော မင်္ဂလာဆောင် ဖိတ်စာလေး

ယခုထိ ဧရိယာအတွင်းပြန်မရောက်သော တယ်လီဖုန်း

 

၂းက

ခေါ်ဆိုလက်စ အမည်စာရင်း

မွေးစာရင်း သေစာရင်း

သန်းခေါင်စာရင်း နှစ်ချုပ်စာရင်း

ဘဏ်စာရင်း ဝန်ထမ်းစာရင်း

ကုန်ပစ္စည်းစာရင်း အသွင်းအထုတ်စာရင်း

အဝင်အထွက်စာရင်း အသုံးစာရင်း

 

၂းခ

တစ်ခုပြီးတစ်ခု

တစ်ခုခုမဟုတ်သော တစ်ခုခု

တစ်ခုခုနှင့် တစ်ခုခု

ဟိုတစ်ခု ၊ ဒီတစ်ခု

 

၃းက

မည်သူမဆို

မည်သူဟုဆိုနိုင်ပါလျှင်

မည်သူများသည်

မည်သူများဖြစ်ကြသနည်း

 

၃းခ

ကြက်ငှက်တုပ်ကွေးရောဂါ

ဝက်တုပ်ကွေးရောဂါ

လူတုပ်ကွေးရောဂါ

ဆားစ်ရောဂါ

ခုခံအားကျဆင်းမှုရောဂါ

စောဘွဲ့မှူးရဲ့ ရောဂါ

 

၃းဂ

အဟောင်းရောင်းဝယ်ရေး

အသစ်ရောင်းဝယ်ရေး

အဟောင်းအသစ်ရောင်းဝယ်ရေး

မဟောင်းမသစ်ရောင်းဝယ်ရေး

                                    ၁း၂း၃

                                    နောက်ဆုံးမှာ အားလုံး ရှုံးတယ် ၊၊        ၊၊