Sunday, November 29, 2009

စိတ်ပျက်လက်ပျက်

ကြည့်နေရင်းနဲ့ပဲ
ရေခဲတုံး အရည်ပျော်ကျသွားခဲ့
ကျနော် ငြိမ်ငြိမ်လေးထိုင်နေပါတယ် .....
ကျနော် မတည်ငြိမ်ခဲ့ဘူး
ပင်လယ်မှာ ကြယ်တွေလက်လက်ထနေတယ်
ကျနော့်ကို ကျနော် ဖမ်းလို့မမိပါ
ကျနော်ဟာ အရည်ပျော်ကျ
ကျနော်ဟာ လက်လက်ထနေခဲ့
စွပ်ကျယ်တစ်ထည် ရဲ့အောက်မှာ
ကျနော်ဟာ အချုပ်အနှောင်ကျလို့
ကျနော် ခါးပတ်,ပတ် တတ်သူပါ
အစာအိမ်ကိုတော့ အလိုလိုက်ရမြဲပေါ့လေ
ဒါပေမယ့် တွေ ဘယ်နှစ်ခါ သုံးခဲ့ရပြီးပြီလဲ
မှောက်လျက်လဲရင်တောင်မှ
ဆီးပွေ့သူက ဒူးရင်းသီးတဲ့
ကျနော့် ရင်က ကျီးပေါင်းမတက်နိုင်တော့ဘူး
ကျနော် ငြိမ်ငြိမ်လေးပဲ ထိုင်နေလိုက်ပါတယ်...... ၊၊