Sunday, November 29, 2009

အရိပ်သတ်မဲ့နေ့

အသဲအမဲပါပဲ.....
ရင်ခွင်တစ်ခုလုံးစကြာဝဠာထဲရွာချလိုက်သလိုမျိုး
ဘယ်နတ်ဆိုးတွေ ဖြားယောင်းခဲ့သလဲ(ရိုးရာ)

သူမအတွက် စနေနံလိုတယ် ...
ပြုတ်ထွက်သွားတဲ့ အိမ်မက်ကျောရိုးဆစ်တွေ ...
ဒီ အိပ်မက်ထဲမှာ ကျနော့် နတ်ဆိုးမကို ပြန်ရှာတွေ့တယ် ...(ရုပ်သေး)

ရေခဲပြတိုက်ထဲက
အနက်ရောင်စက္ကူငှက်လေးတွေဟာ
မဟူရာနတ်သမီးအတွက်ဆွဲထုတ်ခံခဲ့ရ.....( လင်းရမ္မာ)

စက်သီးတပ် ဇက်ကြိုးမဲ့ရထားတစ်စင်း
ဒီလွင်ပြင်ကိုဖြတ် ၊ ဒီတောတောင်ကို ကျော်ပါ ။
ဆိုင်းမဆင့် ဗုံမဆင့်နဲ့မှ ... ဆူးတွေကို မျက်ကန်းယုံခဲ့မိတယ် ( သိုးမဲ )

နက္ခတ်အလွဲတွေနဲ့န၀င်းလို
ပွင့်စရာကောင်းကင်မဲ့နေခဲ့တာ
ငါ့အတွက်ြ့မစ်တစ်စင်းတောင်မစီးခဲ့ဘူး(ရိုးရာ)

ယန္တရားထဲနဲ့လည်ပတ်နေခဲ့တာ ...
အခုဆိုငါက ..ရင်ခေါင်းသံမပါပဲ ...
အသည်းကွဲခြင်းကိုလက်ခံတတ်နေပြီ ...(ရုပ်သေး)