Sunday, November 29, 2009

မီးနှင့်စာထွင်းခြင်း

ဒီကောင်. . .

ဘယ်ကလဲ. . ဘယ်ကိုလဲ

သေချာက 

ဒီကောင်ဟာ ကဗျာဆရာ။

 

သမရိုးကျဆန်ဆန် တွေထဲမှာ

ဆန်းသစ်မှုကို ရှာဖွေနေတဲ့ကောင်

သူ့ကိုယ်သူပြောတတ်တာက

သုည တဲ့။

 

ဟုတ်တယ်

ဒီကောင်ကသုည

ဘာဒိုင်ကြောင်မှလွှတ်မပြတတ်ဘူး။

 

ဒါပေမယ့် 

သူရှာဖွေခဲ့သမျှက

သစ် တယ်။

 

သူ့အတွေးတွေက

သူ့အင်္ကျီလို စိမ်းစိုတယ်

သူ့စိတ်ဓာတ်က

သူ့ဖိနပ်ခရမ်းရောင်လိုပဲ

ခန့်မှန်းရခက်တယ်။

 

ဒီကောင်က

ဘော်ဒါစိတ်ပြည့်ဝတဲ့ကောင်

ဒီကောင့်မှာ 

မျက်နှာဖုံးမရှိဘူး။

 

အဲဒီကောင်ရဲ့နံ့ရံမှာ

ဒီကနေ့

(၂၁) ခုမြောက်ပြက္ခဒိန်အတွက်

သံတစ်ချက်ရိုက်ပေးလိုက်တယ်။

 

သူငယ်ချင်းသိုးမဲ မွေးနေ့မှာပျော်ရွှင်ပါစေ