Sunday, November 29, 2009

ဗီးနပ်စ်အဖွက်ခံလိုက်ရတဲ့ ပန်းတစ်ပွင့်

လေလှိုင်းထဲကတိုးတိုးတိမ်တိမ်ရနံ့လေးနဲ့
ခြေလှမ်းတွေဘယ်လောက်ဝေးခဲ့ရပြီလဲ
သူမ မသိခဲ့တဲ့မျှော်လင့်ခြင်းတွေ
ပြန့်...ကျဲ...ပြို...ကျ
ခြေရာတွေတိုက်စားခဲ့တဲ့ကမ်းခြေလေးမှာ
ကပ်ခွင့်မရခဲ့တဲ့လှေတစ်စင်းလို
ရွက်တိုင်အကျိုးနဲ့မျောနေခဲ့ရတယ်
သမုဒ္ဒရာကိုလည်းနက်ပါစေကွယ်

'အရောင်မရှိတဲ့ရေကလည်း
ပင်လယ်လုပ်ပြီးပြာချင်တယ်'(တာရာမင်းဝေ)

ဘာကိုမှစိုးရွံ့မနေနဲ့လေ
တိမ်တွေလိုပွင့်ပြလိုက်ပေါ့
လိုချင်သူတွေခူးကြပါစေ
ပန်းရဲ့တာဝန်ကပွင့်ဖို့ပဲမဟုတ်လား
ငါ့ဘက်ကရေလောင်းပေါင်းသင်ခဲ့ပြီးပြီ

'သစ်ခုတ်သမားမရှိတဲ့တိုင်းပြည်မှာ
ငါ..လယ်သမားဖြစ်ချင်တယ်'(တာရာမင်းဝေ)

မိုးကုပ်စက်ဝိုင်းကိုရောက်အောင်သွားဖို့
ငါလိုခဲ့တာဖိနပ်တစ်ရံပါပဲ
နေလည်းမပူမုးလည်းမရွာခဲ့ပေမဲ့
သက်တံ့တစ်စင်းရှိနေခဲ့တယ်

'သက်တံ့ရဲ့ဟိုဘက်အခြမ်းလေးကိုလွမ်းတယ်'(တာရာမင်းဝေ)

ဘယ်သူမှမသိလိုက်ပါဘူး
ပန်းကလေးကို ဗီးနပ်(စ)ကဖွက်ယူသွားခဲ့တယ်လေ....