အုပ်ပိုင်စိုး - အဲဒီကောင်က ပေါက်ကရပါ
ရိုးရာ - အဲဒီကောင်က အတ္တသမား
အုပ်ပိုင်စိုး - အဲဒီကောင်က အရည်မရအဖတ်မရကောင်
ရိုးရာ - အဲဒီကောင်က ရုပ်သ၀ါဒီဆန်တဲ့ကောင်
အုပ်ပိုင်စိုး - အဲဒီကောင်က `အရူး´
ရိုးရာ - အဲဒီကောင်က `မိစ္ဆာ´
အုပ်ပိုင်စိုး - အဲဒီကောင်က ဘာမှာဖြစ်လာမှာမဟုတ်ဘူး
ရိုးရာ - အဲဒီကောင်က အဓိပ္ပာယ်ဆိုတာ အတိအကျ မသိရှာဘူး
အုပ်ပိုင်စိုး - အဲဒီကောင်က အလကားကောင်
ရိုးရာ - အဲဒီကောင်က တန်ဖိုးမရှိတဲ့ကောင်
အုပ်ပိုင်စိုး - အဲဒီကောင်က ဆန်ကုန်မြေလေး
ရိုးရာ - အဲဒီကောင်က ငါ့နှုတ်ဖျားကရွတ်ဖတ်ဖို့ မထိုက်တန်တဲ့ကောင်
အုပ်ပိုင်စိုး - အဲဒီကောင်က ပြာပုံတိုးနေတာ
ရိုးရာ - အဲဒီကောင်က သူ့ကိုယ်သူကောင်းကင်လို့ထင်နေတဲ့ မျက်နှာကျက်ပါကွာ
အုပ်ပိုင်စိုး - အဲဒီကောင်က `လူ့ခွစာ´
ရိုးရာ - အဲဒီကောင်က ကိုယ့်ကိုကိုယ် တည့်တယ်ထင်နေတဲ့ `လင်းဆွဲ´
အုပ်ပိုင်စိုး - အဲဒီကောင်က တွင်းထဲကပြန်မတက်ချင်တဲ့ `လောက်´
ရိုးရာ - အဲဒီကောင်က `မြွေ´ ယောင်ဆောင်တဲ့ `ဖား´
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .