အရေပြားတစ်ထောက်စာအောက်က လူ
ခုတစ်မျိုးနဲ့တော်ကြာတစ်မျိုး
နှစ်မျိုးနှစ်စားပဲရှိတဲ့ လူ
တစ်ခါတစ်လေ သိုးရေခြုံတတ်သော လူ
ကိုယ့်ကိုယ်ကို ပြန်မြိုချတတ်သော လူ
အမြီးရောခေါင်းပါ ကျက်အောင်ချက်စားတတ်သော လူ
ယဉ်ကျေးမှုကို စကတ်အတိုလိုဝတ်တတ်သော လူ
ဝတ္တရားကို ဘုရားလိုကိုးကွယ်တတ်သော လူ
သူတစ်ပါးကိုစွပ်စွဲဖို့အတွက်
ကိုယ့်ဘက်ကိုပြန်လှည့်နေတဲ့လက်ချောင်းတွေကိုမရှက်တတ်သော လူ
သမိုင်းတွေချီပြောရင်း (၁၀)တန်းကိုသိပ္ပံတွဲနဲ့အောင်ခဲ့သော လူ
တရားတွေတဖွဖွရွတ်ရင်း စိတ့်ရဲဟိုဘက်ကမ်းကိုကပ်တတ်သော လူ
ဘုရားဘုရားနဲ့ ယိုးဒယားကတတ်သော လူ
ပြုံးနေပေမဲ့ ကျောနောက်မှာဓါးသွေးနေတတ်သော လူ
အလယ်အလတ်လမ်းစဉ်အရ ချောက်ကမ်းပါးထိပ်မှာရပ်နေတတ်တဲ့ လူ
သေဆုံးမဲ့နေ့အတွက် ပွဲတွေကျင်းပနေတတ်သော လူ
…………………………………………………. လူ
…………………………………………………. လူ
…………………………………………………. လူ
Pubg Unlimited Money Mod Apk New Scripts
5 years ago