Sunday, November 29, 2009

ဟောဒီမှာ ကဗျာတွေရမယ်

ဘာတွေလဲ. . .

အပ်ကြောင်းထပ်အောင်ပြုံးပြနေရတာ

ကိုယ့်နှုတ်ခမ်းကိုယ်တောင် မုန်းတယ်။

မဆုံးတော့ဘူး. . . 

ပြောနေကြတဲ့စကားတွေက

မကြားရတာတောင် နားပူတယ်။

ခင်ဗျားတို့ ၊ ကျူပ်တို့

ဘာရယ်လို့ကိုမဟုတ်ဘူး

ဘာရယ်လို့လည်း မဟုတ်ဘူး

တစ္ဆေကိုအရိပ်လှန့်သလိုမျိုး

လှန်းထားတဲ့ဝတ်ရုံတွေမခြောက်သေးခင်

ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်းမြင်တယ်။

ဟောဟို မှန်နောက်ကလူ

ခင်ဗျားဘယ်သူလဲ။

မတွေ့ရတာကြာလို့လားမသိဘူး

ကျုပ်က လူပိုဖြစ်လာသလိုပဲ။

ဘယ်ပစ္စည်းပဲဖြစ်ဖြစ် 

ကြော်ငြာမှာတော့ အကောင်းဆုံးဖြစ်တယ်။

ဒါဆိုရင်. . . 

ဟောဒီမှာကဗျာတွေရမယ်

၁၀၀% ဒစ်(စ်)ကောင့်နဲ့ ကံစမ်းမဲပါပေးတယ်ဗျာ။