Sunday, November 29, 2009

ကျနော်နှင့် ကဗျာဆရာများ(နွေးနွေးသဲမွန်)

အရင်ဆုံး ကိုယ့်ကိုကိုယ်(ခေါင်းအပါအ၀င်) မိတ်ဆက်ပေးပါ။

နွေးနွေးနဲ့ သဲမွန် မဟုတ်ပါဘူး.... နွေးနွေးသဲမွန် ပါ..း-)

မနွေးနွေးသဲမွန်ရေးတဲ့ကဗျာတွေကဘာနဲ့ခံစားပြီးရေးတာလည်းဟင်။

အင်း တခါတလေ တော့ အကြွေးစားတာပါ... တခါတလေတော့ ချေးပြီးစားပါတယ်.. (ပိုက်ဆံ)
အဲလေ... ရင်ဘတ်နဲ့ ခံစားပြီးရေးတာပါ..း-)

ဟုတ်ပါပြီ. . . ခုလိုအွန်လိုင်းမှာရေးတာနဲ့ အောက်လိုင်းထွက်ဖို့ စိတ်ကူးရှိပါသလား

ရှိပါတယ်..သိပ်ရှိ..အခြေအနေ မကောင်းရင် ၃၇ မင်းကို ကန်ထရိုက်ဆွဲဖို့ ...ဒါမှ အဆင်မပြေရင် ဓါးပြတိုက်ဖို့ ပါ အစီအစဉ်ရှိ... အဲ.... အဆင်ပြေရင်တော့ ရေးမှာပါ...အခုက အလုပ်တဖက်နဲ့ ဆိုတော့..အောက်လိုင်းမထွက်ဖြစ်တာ...ဟဲဟဲ

ခုလိုနွေးနွေးသဲမွန်(ဟော. . .ဟဲ)ဆိုတဲ့ နာမည်ရဖို့ ဘယ်ဗေဒင်ဆရာနဲ့ ကင်ပွန်းတပ်(မှားပြန်ပြီ) ဘယ်လောက်အားထုတ်ခဲ့ရပါသလဲ။

ဒါက အော်ရီချင်တယ် ( Original) နာမည်ပါ.. မွေံးကတည်းကနေ ၉တန်းအထိ ဒီနာမည်ပါပဲ... ဘယ်နှယ် ၁၀တန်းရောက်မှ ဗေဒင်ဆရာ က နာမည်မပြောင်းရင် ဘာမှမလုပ်ပဲ အမှီးပေါက်တတ်တယ် ဆိုတာနဲ့ ပြောင်းလိုက်ရပါဒယ်.. ဒီနာမည်လေး အမှတ်တရ ကျန်စေဖို့ ကလောင်ထားပြီးစာရေးတာပါ

ခုချိန်များ ပုရွက်ဆိတ်တစ်ကောင်သတ်ခွင့်ရမယ်ဆိုရင် ဘယ်လိုနည်းနဲ့သတ်ချင်ပါသလဲ။

အင်း..သူစိတ်ညစ်သွားအောင် မသေမချင်း ပွစိပွစိပြောပါမယ် ဂျီတိုက်ပါမယ်...သူနားစည်ကွဲလောက်ပြီဆိုမှ... ညှင်ညှင်သာသာ ငယ်ထိပ်ကို ဖနောင့်နဲ့ ပေါက် ပြီးသတ်ပါမယ်...

အိုဘားမားနဲ့အတင်းပါးစပ်ဆုံ အုပ်ခွင့်ရမယ်ဆိုရင် ဘယ်သူ့အကြောင်းကို ပထမဦးစားပေး အုပ်ချင်ပါသလဲ။

ပြောရမယ်ဆိုရင် တော့ အိမ်က ပုဂ္ဂိုလ်ကလေ...ဟီဟိ..မဟုတ်ပါဘူး...သူရတ၀ါ အကြောင်းကို သတင်ပလင်း အစုံလေး ပြောပြချင်တယ်.. သူ ပါးစပ် မစေ့နိုင်အောင်( သူက အစောကြီးထဲက ပါးစပ်ပြဲကြီးနဲ့ ဆိုတော့ တော်၂ ရယ်ရမယ်နော်...)

ဂျနီဖာလိုပက်ဇ်ကများ မျက်စပစ်ပြခဲ့ရင်. . .။

ဟင်..ဘာကြီးလဲ ဟ...မိန်းမချင်း ဒုက္ခောပဲ...

ကဗျာဆရာကတော်တွေကို ဘောလုံးသမားကတော်တွေ WAGS ဆိုပြီးအဖွဲ့သလို အဖွဲ့လေးတစ်ခုဖွဲ့ပေးခွင့်ရမယ်ဆိုရင် ဘယ်လိုနာမည်ပေးမလဲ ဘယ်သူ့ကိုဥက္ကဌတင်မြောက်မလဲ

 တိဘူးတော့ ကဗျာဆရာမ တွေ ဆိုရင်တော့ ကိုယ့်ကိုယ်ကို ငှက်ကထ လုပ်ပစ်လိုက်စမ်းမယ်... :-P

 အားပါးတရရယ်ရမယ်ဆိုရင် ဘယ်လိုရယ်ချင်လဲ။

မျက်စေ့လေးနည်းနည်း ထောင့်ကပ်၊ ဆံပင်လေးခါ...ဘေးကလူကို မတရားရိုက်ပြီး... ရယ်ချင်တာကိုပြောပါတယ်..
တကယ်တမ်း နွေးရယ်ရင်တော့ ခွက်တင်မက ဘူး ရှေ့ခုံနောက်ခုံ အားလုံးမှောက်တယ်လန်တယ်...ဘေးကလူလဲပြေးရော…

ကဗျာကို ဘယ်လိုသဘောထားလဲ။

ကိုယ့် မချုပ်ရသေးတဲ့ အကျီ င်္စ လေးလို ပဲ...ခဏ ခဏ ထုတ်ထုတ်ကြည့်ရတာ ရင်ခုန်ဖို့ ကောင်းတယ်.. ရင်ခုန်သံတွေ ခဏ လေးတွေကို စုဆောင်းထားတာပေါ့…

ကိုယ့်ကိုကိုယ် (မျက်စိနဲ့) ဘယ်လိုမြင်လဲ။

မှန်ထဲမှာတော့ မဆိုးလှပါဘူး… အဲလေ… တခါတလေ ဂျစ်ကန်ကန်နဲ့ တခါတလေ ထုံပေပေနဲ့ 

အိမ်ပေါ်ကလဲ မကြာခဏ ဆင်းတတ်သေးတယ်..သူများစကားပြောရင်လဲ စိတ်ထဲက ဘုဂလန့်တိုက်တတ်တယ် (ဥပမာ : အဲ့ဒီ ရိုးရာပေါ့ ငါ့ကိုဘာတွေလာမေးနေမှန်းလဲ မသိဘူး..တယ် ငါစိတ်ရှိ လက်ရှိ ဘူပစ်လိုက်ရရင် မကောင်းဘူး ၊ ဘူ= စိတ်ကစဥ့်ကလျားဖြစ်ခြင်း)  ကဲ ဆက်ပြောရင် နာလဲ ရစရာရှိတော့ပါဘူး

 လူမသိ သူမသိ ရင်ခုန်ခဲ့ရတဲ့အချိန်လေးများရှိရင် ပြောပြပါလား။

ပိုက်ဆံ သိပ်မကျန်တော့ပဲ တက္ကစီ စီးတဲ့ အချိန်ပါ..တရိပ်ရိပ်တက်နေတဲ့ မီတာလေးကို

ကြည့်ရင်း ရင်ခုန်သံတွေ မမှန်လှဘူး…

လူကြားသူကြားမှာလေလည်ရတော့မယ်ဆိုရင် ဘာပြောချင်လဲ။

ရှူး တိုးတိုး… … ( …Buu.)

ပြောချင်တဲ့စကားလေး တခွန်း။

နာ ပေါတာလူတွေသိကုန်ရင် ရိုးရာကြောင့်

အကြိုက်ဆုံးကဗျာလေးတစ်ပိုဒ်လောက်ရွတ်ပြပါလား။

အကောင်းရွတ်တော့မှာနော်…

ကိုယ့်နေရာ
သာယာသည် ဖြစ်စေ
နုံချာသည် ဖြစ်စေ
ကိုယ့်ရွာ ကိုယ့်ရပ်၊ မိခင်မြတ်တည့်။

မည်မျှ ကြီးမြင့်၊ မည်မျှ တင့်လည်း
မပွင့် နေခြည်၊ အုံ့မှိုင်းသည်သို့
မကြည်မွေ့ချေ၊ သူ့ရပ်မြေတည့်။

သူတို့ စကား၊ သူတို့ကြား၌
ပျားသို့ မချို၊ မှိုသို့ မလန်း၊ ပန်းသို့ မရွှင်
ကိုယ့်မိခင်ကို၊ တမြင်မြင်တမ်း၊ အစဉ်လွမ်းခဲ့။

ရေချမ်းစင်က၊ ရေကြည်မြကို
သောက်ရပေဖူး၊ သူ့ကျေးဇူးကို
အထူးသိလည်း၊ ဇာတိလွမ်းနာ၊ မဖြေသာခဲ့။

သူ့မြေမှာမူ
သာယာဘိခြင်း၊ သင်းပါဘိတောင်း
ကောင်းပါဘိတကား၊ အသိသားပင်
တရားလက်ကိုင်၊ ဆင်ခြင်နိုင်လည်း
မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းသည်
မြစမ်းမျက်ရည် စိမ့်စိမ့်တည်း။ ။

ဆရာကြီးတင်မိုးရဲ့  မြစမ်းမျက်ရည် ကဗျာပါ…