Sunday, November 29, 2009

ကြိုးပြတ်ဝတ်မှုန်

`နှုတ်ဆက်ပါတယ်´
ဒီဘာသာစကားနဲ့
ပွင့်ပြီးသောပန်းများ
တစ်ဖန် ပြန်ငုံသွားစေတယ်

ဟန်ဆောင်မှုဆိုတာ
ကောင်းကင်မရှိပဲ ထွန်းတဲ့နက္ခတ်
ဗြဟ္မာပြည်က ကြိုးပြတ်လာတဲ့ဝတ်မှုန်လေးနဲ့
လူ့ပြည်က၀တ်မှုန်လေး ဆုံတယ်

ကြုံလည်း ကြုံတတ်ပါတယ်
ရနံ့တွေပဲသယ်လာတဲ့ရထား
ဥသြဆွဲသံတောင်
`ခါးတယ်´

မထွေးရေ. . .
ဒီ စွန်ညိုကောင်က
အလှကြည့်ဖို့သက်သက်ပဲ
ဝဲရုံဝဲ ခဲ့တာပါ

ဒီလိုပဲကွယ်
ပင်လယ်တောင် ခမ်းသွေ့ခဲ့ပြီ
နွေရာသီရောက်မှ
`နေ´ခေါင်ခဲ့ရတယ်

တိမ်ယောင်ဆောင်ကြည့်တယ်
. . . ပြို. . . . . .တယ်. . . .
လေယောင်ဆောင်ကြည့်တယ်
. . . လွင့်. . . . . . တယ်. . . .

ဓား ၊ လှံတွေနဲ့မှ မဟုတ်ဘူး
စကားလေးတစ်ခွန်းနဲ့လဲ
`သေပါတယ်´ မကြေးမုံ

ကြွေကြ. . .
အဲဒီငရဲကို
ဘယ်ခြေလှမ်းနဲ့သွားရမလဲ
ဝတ်မှုန်တစ်စ
ကြိုး ပြတ် ကျ သွား တယ်. . . ။