Sunday, November 29, 2009

ယနေ့ထုတ် သတင်းစာ

အသွားအလာကျဲပါးခြင်းကြောင့်

နတ်ပြည်အားခြောက်ထပ်မှလျှော့ချရန်စီစဉ်

အကုသိုလ် ဝယ်လိုအားမြင့်တက်

ငရဲပြည်ကွက်သစ်များတိုးချဲ့

ကြိုတင်နေရာများ အရောင်းသွက်လျက်ရှိ

တစ်ဦးလျှင် ၄’×၃’ တစ်ခန်းကျနှုန်း

ဝန်ဆောင်မှုအပြည့်အဝ

၂၄ နာရီ ဒုက္ခမပြတ်စေရန် အာမခံသည်

အပါယ်လေးဘုံသို့ လူတင်ပို့မှုတိုးမြင့်လာလျက်ရှိ

ကူးတို့လှေများ လောင်စာဆီမလောက်ငမှုရင်ဆိုင်နေရ

အကြွေတစ်မတ်ဆောင်လာကြပါရန်

ငရဲဝန်ထမ်းများ လစာတိုးမြင့်မည်

ယမမင်း ကိုယ်စားလှယ်မှ ဂက်(စ်)မီးဖိုများ အထူးအော်ဒါမှာယူ

ငါးပါးသီလ၏ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သူအား

ရာထူးကြီးကြီးပေးမည်

ရိုးသားမှုကို စားလုံးပေါင်းပြနိုင်လျှင်

လူ့ပြည်တွင် တစ်သက်တိတိ နေထိုင်ခွင့်ဗီဇာရရှိမည်

မိမိကိုယ်ကို အနင်းခံရဲသူများ

ဤဘဝတွင် ကဗျာဆရာဖြစ်ကြသည်။