Sunday, November 29, 2009

ညီမလေးဖွင့်ထွက်သွားတဲ့ လှောင်အိမ်

တံခါးတွေရယ်လို့လည်း
ပိတ်ဆို့မထားခဲ့ဘူး။
ငါ့ရင်ကိုဆွဲဖွင့်ရင်း
ခြေသံတွေခပ်ပြင်းပြင်းနဲ့
မင်းထွက်ခွါသွားခဲ့တယ်။
ဒီလှောင်အိမ်လေးထဲမှာ
ငါရယ်...ပြီးတော့...ငါရယ်...
အတိတ်ဆိုတဲ့ပုံရိပ်တစ်ချပ်ရယ်
ကျိုးပဲ့နေတဲ့နှလုံးသားတစ်ခုရယ်
သံချေး(ဂျီး)တက်နေတဲ့သံယောဇဉ်ရယ်
ကြိုးပြတ်နေတဲ့ဂစ်တာရယ်
နောက်.......ဝေေ၀၀ါးဝါးကဗျာတွေရယ်........။    
မျက်ဝန်းအိမ်မှာ
သွေးဖြူဖြူတွေစီးကျ
သူတို့တွေနာကျင်ခဲ့ရတယ်။
ငါကလည်းဒီလှောင်အိမ်လေးထဲမှာ
အလွမ်းတွေရဲ့ခြေရင်း
ဝပ်...ဆင်း...ခ...ယ...။      ။