Sunday, November 29, 2009

ကခြေသည်မလေးရဲ့ ခရာသံ(ရိုးရာ)

တပ်ဦးဆီမှာ

အနီရောင်အလံတွေတဖျပ်ဖျပ်လွင့်လို့

သူတို့…တိုက်ပွဲကိုမွတ်သိပ်နေကြပြီ

တွေ့မြင်သမျှကိုလှဲဖြိုပစ်ဖို့

တစ်စုံတစ်ခုကိုငံ့လင့်နေကြ

စင်မြင့်ထက်…ကခြေသည်မလေး

ခြုံလွှာအနက်နဲ့ ယိမ်းသွဲ့နေခဲ့

သူမ…တစ်စုံတစ်ရာကိုကိုင်စွဲထားတယ်

ကြမ္မာရိုင်းရဲ့တပ်တွေ

ကမ္ဘာမြေကိုခရီးနှင်ဖို့အတွက်

သူမရဲ့ခရာကို မြည်တွန်စေလိုက်တယ်

အဲဒီညက………….

တစ်လောကလုံးအိပ်မောကျလို့။ ။

 

နာဂစ် တစ်နှစ်ပြည့်အမှတ်တရ