တစ်လှမ်းခြင်းလျှောက်ရင်းနဲ့
လမ်းနံပါတ် (၁၈) ကိုရောက်ခဲ့ပြီကောင်မလေး
ပန်းတွေလည်းခင်းချင်ခင်းထားခဲ့မယ်
ဆူးတွေလည်းနင်းချင်နင်းခဲ့မိမယ်
တစ်ခါတစ်လေလည်း….
မိုးခါးရေသောက်ချင်သောက်ပေါ့
အများနည်းတူရူးသွပ်ဖူးမှာပဲ
အိပ်မက်မိုင်တိုင် (၁၈) ကိုစိုက်ထူလိုက်
ရာဇ၀င်တွေကိုမွှေနှောက်ကြည့်ပါ
မနက်ဖြန်တွေကိုရင်ဆိုင်ဖို့
အကောင်းဆုံးလက်ချာတွေရှိတယ်
ဒီတစ်ခါအသစ်တက်မှာ ဘ၀အကြောင်းအခန်း (၁၈)
သဲကြိုးပြတ်ဖိနပ်အဟောင်းတွေလို
ဒီကနေ့ကိုတွယ်ချိတ်နဲ့တွယ်စီးလို့လည်းရပါတယ်
ချောင်ချောင်ချိချိနေတတ်တယ်ဆိုရင်တော့
အင်္ကျီပွပွဝတ်ပေါ့ကောင်မလေး
အသိအမှတ်ပြုလို့ရတဲ့ကိုယ်ပိုင်သင်္ကေတတစ်ခုကို
မူပိုင်ခွင့်တင်လို့ရပြီကောင်မလေး
ပြဌာန်းချက်တွေကြားထဲမှာ
ကောင်မလေးလူလားမြောက်ခဲ့ပြီ
အနမ်းတွေလည်းလွမ်းခဲ့ဖူးမယ်
အများနည်းတူ ထမင်းစားရေသောက်တယ်
ပင်လယ်ကိုငေးချင်ငေးမှာပေါ့
စိတ်နဲ့တော့ ကောင်မလေးလည်းပျံသန်းတတ်တယ်
ကောင်မလေးက ညညဆိုအိပ်ပါတယ်
မနက်မနက်ဆို အိပ်ယာထတယ်
အိပ်လိုက်ထလိုက်နဲ့
(၁၈) ရံမြောက်ဖိနပ်ကို ကောင်မလေးကြိုးချည်လိုက်တယ်
လျှောက်ပါကောင်မလေး
ရွာမရှိချင်နေပါစေ
လမ်းဆုံးကိုရောက်တဲ့အထိ
လျှောက်ပစ်လိုက်စမ်းပါလေ
<b>ညီမလေးရဲ့ (၁၈)နှစ်ပြည့်မွေးနေ့အတွက် အမှတ်တရ</b>
<p style="text-align: left;"><img src="http://api.ning.com/files/yA6wIKTdwT4faBI-Re9yfe6ZJCc6HYSbj4NGU94zd3V8zpFGC7OePc64grMgof5AQ2IbaMPdW*FLQQ6PvVEqwcQlLppSHpu5/6436.gif" alt="" width="350" height="306"/></p>
Pubg Unlimited Money Mod Apk New Scripts
5 years ago