Sunday, November 29, 2009

ခရမ်းငွေ့ရထားသွားတဲ့ မြို့မွှန်ရောဂါ(ရိုးရာ၊သိုးမည်း၊နေနှင်းစက်၊ရုပ်သေး)

ခရမ်းရင့်ရင့်အမှောင်ထဲက
ဆေးဆိုးပန်းရိုက်လမ်းမတွေ
ထားခဲ့ဖို့မေ့နေတဲ့သီချင်းတစ်ပုဒ်ထဲက
ဇာတ်ပျက်သွားတဲ့ဟင်္သာလို
ဆွဲကြိုးချအိပ်မက်တစ်ပုဒ်ကိုကပြဖို့
ဇာတ်ပို့ဇာတ်ရံမရှိတဲ့ ကကြိုးတစ်ကွက်ကိုခင်းတော့
ညာတော့မယ်မှန်းသိသိကြီးနဲ့
လက်ခုပ်လက်ဝါးတီးပေခဲ့ရတယ် (၇ိုးရာ)

မြို့ပျက်ထဲမှာကြွေနေ ၊ ဝေနေတဲ့
ပင်လယ်ညှို့သံတွေအတွက်
ငါ.....နှုတ်ဆိတ်နေလိုက်ပါ့မယ် ။
မီးတောက်ကျိန်စာသင့်နေတဲ့ ငါ
နီယွန်လမ်းမတွေပေါ် မလျှောက်ရဲတော့ဘူး ။
"လေမတိုက်ပဲလွင့်နေတဲ့ ထွေရာလေးပါးတွေကို
ဝတ်ရုံပြည့်မ၀တ်ရသေးခင်
ခေါင်းတခါခါ လည်တခါခါနဲ့ ပယ်ချလိုက်ကြတယ် ။
ငါ.....နှုတ်ဆိတ်နေလိုက်ပါ့မယ် ။"(သိုးမည်း)

စည်းဝါးရိုက်ပျက်လဲမှု
အခုတစ်လော ပျော်စရာစကားပျောက်
သတ်ပုံမှားရှာနေရင်းနဲ့
ပြောစရာတွေပြောစရာ
မြင်အောင်ကြည့်ရင်းထင်
တစ်ကယ်တမ်းတော့လက်ရေးအညံ့ဆုံး
သင်ရိုးမှာကြယ်စင်ခယရေး
တစ်နေ့နေ့ယယယတစ်ချိန်ချိန်
"one day ... one time"
only one mind
ဒီလိုနဲ့ A/H1N1 ဖြစ်ပြန်ပြီ....(နေနှင်းစက်)

မီးစားစုန်းတွေ
ဒီနေရာမှာ...လက်အံသေလာ
ပင်လယ်ထဲငုံ့ငုံ့ကြည့်
အရိပ် အရိပ်
ပန်းအိပ်မက်နဲ့ ရနံ့ထူး
ကိုယ့်အရိပ်ရော မိုးအရိပ်ရော
စောင်းသံညှင်းတိုးတိုးလေးကြား
ဝေး...ဝေး...ဝေး...ဝေး...သွား
ခပ်သွေးသွေးပြာကျ ၊
ဝါးမြိုနေကျစကားလုံးများ
ကောင်းကင်အရိပ်ရော ၊ ပင်လယ်အရိပ်ရော
သေ.....
နေ.....
ခြားခြားလေး...'သေ'နေ'(ရုပ်သေး)