Sunday, November 29, 2009

ကဗျာဆရာ ပြောဖို့ကြိုးစားခဲ့တဲ့ ပုံပြင်

  နေဝင်တော့မည်ဖြစ်သောနံနက်ခင်း -

  မီးအိမ်တစ်လက်နှင့် စုတ်ဖြဲခံလိုက်ရသော အရိပ် -

အိပ်မက်အတွက် ဆားတစ်ဆုပ်ပါမလာခဲ့ -

လေယာဉ်ပျံ = အတောင်နှစ်ဘက်နှင့် သတ္ထုနှလုံးသားကိုတပ်ဆင်ထားသော ဝိဥာဉ်မဲ့ ငှက် -

 ပြာ. . .ရီ. . .မှုန်. . .ဝေ. . .စက္ကူမှိုင်းမှိုင်း တစ်ပိုင်းတစ်ပဲ့ -

ဒီနေရာမှာစခဲ့တယ်. . . တဲ့ -

ငါ့. . . ကို. . . ကယ်. . . ပါ. . . -

 ဓားတစ်လက်နှင့် ဓားအိမ်တစ်လက်၏ ကွာရှင်းပြတ်စဲ ပြီးစီးခြင်း -

အနာဂတ် အဟောင်းဆိုင် -

မိမိကိုယ်ကို လိပ်ပြာဟု ထင်မှတ်လျက်ရှိသော ပိုးတုံးလုံးတစ်ကောင် -

   “ပြီးသွားပါပြီ ၊ အားလုံးပြီးသွားပါပြီ ၊ ခုတော့ အားလုံးပြီးသွားပါပြီ” တဲ့ -

  . . .ပြီး. . . သေး. . . ဘူး. . . -

  ဥယျာဉ်တစ်ပိုင်း ၊ ဝတ်မှုန်တစ်ပိုင်း နန်းတော် -

 သင် နှင့်ကျွန်ုပ်မပါဝင်သော ယနေ့ပွဲတော် -

  စားမြိန်စာတစ်ထုပ်နှင့် နောက်ဆုံခရီးထွက်ရန် -

လမ်းလျှောက်ရန်ပျင်းသော ဖိနပ်တစ်ရံ -

အရှုံးနည်းသူ နိုင်သောစစ်ပွဲ -

အငွေ့သက်သက်ဆူးသော မြားတစ်ခြမ်း -

ကိုယ့်ကိုယ်ကို တွဲလောင်းချထားသော ကြိုး -

တစ္ဆေတစ်ကောင်ရဲ့ သေတမ်းစာ -

အရှင်ဆိုးနဲ့ ရှင်တဲ့ လူ -

ထားစရာမရှိသော နေရာလွတ်များ -

ဆွံ့အ နားမကြား သစ်ပင် -

ပုစဉ်းရင်ကွဲ ကျိန်စာ -

ငှက်ဆိုးတွေ ကြောက်တဲ့ည -

ဖရိုဖရဲလွင်ပြင် -

 

-          -  -  ငါ့ရဲ့ သောကြာကြယ် ရင်ဘတ်ထဲမှာ သေ  -  -  -