Sunday, November 29, 2009

တနင်္ဂနွေနဲ့ တူတဲ့နေ့

အဲဒီနေ့တွေကို

မြေပုံပေါ်မှာလိုက်ရှာ

ရထားဟာ ကမ်းကိုကပ်ခဲ့ပြီ ။

 

ပန်းပွင့်တစ်ခြမ်းဆူးတစ်ခြမ်းနဲ့

မတော်တရော်ဖိနပ်ကြီးကို

ပရမ်းပတာစီး

မြို့ကြီးရယ် . . . 

 ရနံ့တွေက လှောင်တယ် ။

 

မနေ့ညက 

စံပယ်တွေ တအိအိကြွေကျလာသလိုပဲ

ဝတ်မှုန်ရေ. . . 

ငါ့ကို ရင်ဘတ်တစ်နေရာစာလောက်

ခင်းကျင်းခွင့်ပေးပါ ။

 

နှင်းဆီတွေကျောက်ချ

ဘူတာရှာမတွေ့တဲ့ရထား

တနင်္ဂနွေမှာပဲ `နားမယ်´ ။         ။

 

ခေါင်းစဉ် - ဇာတိ