Sunday, November 29, 2009

မီးသင့်ခဲ့သောဘ၀များ


ကမ္ဘာ့မြေပုံရဲ့
ဧရာမနိုင်ငံကြီးနှစ်ခုမှာ
လောင်စာကြောင့်မီးတွေတောက်ခဲ့ရတယ်။
ဒီမီးလျံတွေရဲ့အေက်မှာ
ပန်းကောင်းတွေဘယ်လောက်များများ
အညွန့်တွေကျိုးသွားကြပြီလဲ။
သားပျောက်မိခင်တို့ရဲ့မျက်ရည်စက်တွေ...
မိဘမဲ့ဖြစ်ခဲ့ရရှာတဲ့
ကလေးငယ်တို့ရဲ့ငိုသံတွေ
ခင်ပွန်းသည်ပြန်အလာ
မျှော်နေရှာတဲ့ဇနီးသည်တွေ
ချစ်သူအတွက်
ပို့သနေတဲ့ဆုတောင်းမေတ္တာသံတွေ
အိုးအိမ်မဲ့သူတွေရဲ့ဦးခေါင်းပေါ်က
ပူပြင်းတဲ့အပူဒဏ်
ကွဲကွာသွားရရှာတဲ့မိသားစုတွေ
လေပြေထဲမှာလွင်ပျံနေတဲ့
သွေးခင်းတဲ့ရနံ့တွေ
ဒုက္ခသည်စခန်းက
တမ်းတမြည်ကြွေးသံတွေ
ပေးဆပ်ခဲ့ရတဲ့
လူ့ရဲ့အသက်တွေ
အားလုံး.....အားလုံး....
ဘယ်မှာအဆုံးသတ်ကြမှာလဲ။
အရှင်လိုက်ကြီးကျတဲ့ငရဲမှာ
အပြစ်မဲ့ရှာသူတွေက
ဘာကြောင့်ဓါးစာခံရရှာတာလဲ။
အားလုံးပဲ...အားလုံးပဲ...အားလုံးပဲ
လူသားချင်းညှာတာတတ်ခဲ့ရင်
မီးဆိုတာ..မလောင်ခင်ရှာင်ခဲ့သင့်ပါတယ်လေ။ ။