Sunday, November 29, 2009

ပိုးမျှင်ရှရာများ

ချစ်သည်. . .ချစ်မိသွားပါသည်။ ဒုတိယမြောက်သောကြာကြယ်လေးရေ. . .ငါသည် ငေးကြည့်ရုံထက်ပို
သောဆန္ဒများကို တိုးတိုးဆိတ်ဆိတ် ကြိုးဆွဲချပစ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ငါ. . . မင်းကိုချစ်သည်။ ငါ့မှာ နင်၏သောကြာထောင့်ကို အရောက်သွားရန် ဖိနပ်ကောင်းကောင်းတစ်ရံမရှိပါ။ ခြေဖ၀ါးသက်သက်သာ လျှောက်
လာရန်လည်း အို. . . ငါမတွေးဝံ့ပါ မိသုနြေ္ဒ။ ငါသည် မိုးပြိုမှာကို ကြောက်တတ်သူတစ်ယောက်မဟုတ်ပါ။ သို့သော် နင့်ကိုတော့ မိုးပြောက်တစ်စက်ပင် မခစေလိုပါ။ ငါသည် အချစ်နှင့် ပြဿဒါးမလွတ်သူဖြစ်သည်။ ငါ. . .
နင့်ကိုချစ်ပါသည်။ ထို့ကြောင့်ပင် ငါသည် အပြုံးမပျက်နှင့် ခေါင်းညိတ်လက်ခံမိခဲ့သည်။ တစ်ချိန်တည်းတွင် ငါ့ရင်
ဘတ်ကို ဆွဲခွါပစ်ခဲ့ရသည်။ နာသည် မိသုနြေ္ဒ။ အလွန်နာပါသည်။ ငါ. . .ဟန်မဆောင်မိခဲ့ပါ။ နင့်ကိုချစ်သည်။ အလင်းတစ်ပျက်စာလေးအတွင်းမှာ နင့်ကိုချစ်မိသွားသည်။ သို့သော် ငါသည် “အလင်း”တွေကိုဖွက်ထားသော
“ဆောင်း” လိုကောင်ဖြစ်သည်။ မှောင်သည် မိသုနြေ္ဒ. . . မှောင်ပါသည်။ အိပ်မက်များ ပါမလာအောင်ကြိုးစား
ရင်း “နေ့” နှင့် “ည” မှားသွားခဲ့ရသည်။ သို့သော် ငါမှားပါ။ ချစ်သောသူသည် အမြဲမှန်သည်။ ငါ့ခြေလှမ်းတိုင်းတွင်
ဖာထေးရာမပါပါ။ ငါသည် “လိပ်ပြာ” ကိုလည်းမဖမ်းပါ။ “ပန်း” ကိုလည်းမနမ်းပါ။ ပြီးတော့ ငါသည် မယဉ်ကျေးပါ။
နေ့လည် နေ့ခင်းများတွင် နင်၏နာမလေးကို ဖွဖွသာသာ“ယောင်” မိသည်။“. . . ” ရေ “. . . ”ရေ ။

နင်မသိပါနှင့် မိသုနြေ္ဒ။ ဘယ်သူမှလည်း မသိပါစေနှင့်။ ဒါသည် ဓါးပေါ်မှောက်လျက်လဲသော အနာ
ဟောင်းတစ်ခု၏ သွေးထွက်သံယိုဖြစ်ခြင်း ဖြစ်သည်။ ငါ့ကို နင်မသိပဲချစ်ခွင့်ပေးပါ။ နောက်ပြီး နင်မသိပဲ ငိုခွင့်
ပြုပါ။ ဒါသာ် ငါအလိုချင်ဆုံး “အတ္တ” တစ်ခုဖြစ်သည်။ တောင်ထိပ်မှာပွင့်နေသော ကြာဖြူပန်းလေးအကြောင်းကို
ငါနင့်အား ပြောမပြချင်တော့ပါ။ ငါ့ကို ရနံ့များမပါအောင် ခြွေချပေးပါ။ ငါသည် ထိုရနံ့များနှင့် မထိုက်တန်သူဖြစ်
သည်။ အရုဏ်ကို ခြုံထားရုံမျှနှင့် နံနက်ခင်းဟု ထင်ခဲ့မိသည်။ ထို့ကြောင့်ပင် ပြတင်းတံခါးများကို ဆွဲပိတ်ပစ်လိုက်
သည်။ ၀င်မလာပါနှင့်သုနြေ္ဒ။ ပြန်ထွက်သွားမည်ဆိုလျှင် အစကတည်းက ၀င်မလာလိုက်ပါနှင့်။ ငါ့တွင် ခြေရာအ
မည်းများရှိသည်။ ထိုလမ်းများကလည်း အေးခဲလွန်းလှသည်။ အေးခဲလွန်းလှပါသည်။ ဟုတ်သည်. . . ငါသည်
သူရဲကောင်းများအတွက် ရင်ဘတ်နှင့်မိုးပေးခဲ့ရသော “ဒိုင်း” တစ်လက်ဖြစ်သည်။ ထိုဓါးချက်များကို စစ်ပွဲတွင်သာ
သိမ်းဆည်းထားလိုက်သည်။ “နွေ” ရာသီကပူပါသည်။ သို့သော် သူသည် “မိုး” ရာသီကို “ရေခိုးရေငွေ့” ဖြင့် ပျိုး
ထောင်ပေးနေခြင်းဖြစ်သည်။ သုနြေ္ဒရေ “နွေ” မရှိမှတော့ “မိုး” လည်းရွာမနေချင်တော့ပါ။ တစပြင်ဆန်ပစ်လိုက်
ခြင်းဖြစ်သည်။ ငါကိုယ်တိုင် ခြောက်သွေ့သွားခဲ့သည်လား။ ပင်လယ်အနက်ကြီးတူးထားသော်လည်း ရေတစ်စက်
ပင် စီးဆင်းမလာခဲ့ပါ။ အရောင်မပါပဲ မစိမ်းစိုပါရစေနှင့် မိသုနြေ္ဒ။ တောအုပ်ကလေး၏မျက်နှာကျက်ကို ဖားထေး
ပေးပါ။ ချုပ်ရာများတော့ ကျန်နေပေလိမ့်မည်။ ဤသို့ဆိုလျင်တော့ ဒီအတိုင်းပဲ ကောင်းပါလိမ့်မည်။ ခေါင်းကို
ဖြည်းဖြည်းချင်းယမ်းခါ၍ ငါ ငြင်းလိုက်ပါသည်။ ငါ. . .ငြင်းဆန်လိုက်ပါသည်။ “ရေဆန်ကို မတက်ဘူး”. . . .။

ဗေဒင်ဆရာ၏ လက်ထဲမှဖဲချပ်များတွင် ငါ့အတွက်နံပါတ် “၁၃” ရှိသည်။ စံပယ်များ ထစ်ထစ်ချုန်းချုန်း
ကြွေကြ၏။ တစ်ချိန်းတည်း . . . တစ်ပြိုင်တည်းပင် “ကဝေ”ညှို့သံများတလက်လက်နှင့် စုန်းမီးများ “ဟုန်း” ခနဲ
တောက်လွင့်ဆူးခက်တွေ ငါ့ရင်ဘတ်ပေါ်လာပွင့်ကြသည်။ “လှိုင်း” များသည် “ပင်လယ်” အလှပဆုံး “ဒဏ်ရာ”
များဖြစ်သည်။ ဤသို့ဖြင့်. . . ငါတံခါးဖွင့်ပေးလိုက်သောငှက်များသည် အတောင်များ စုံလုံးကန်းသွားရသည်။
တည့်တည့်တန်းတန်းစုံရသော်လည်း မြှားနှစ်စင်း၏ အရှိန်ပြင်းပြင်းဆုံးခြင်းမျိုး ဖြစ်ခဲ့သည်။ ပိုးချည်မျှင်များ ရှခဲ့
ကြသည်။ ငါ “လှိုင်း” ထန်မပြတော့ပါ။

သုနြေ္ဒရေ. . .သုနြေ္ဒ ငါတိမ်တွေမွန်းနေခဲ့သည်။ မွန်းတည့်သွားသော သန်းခေါင်ယံတော့ မဟုတ်ခဲ့တာ
သေချာသည်။ ဟုတ်တော့လည်း ဟုတ်နိုင်ပါသည်။ ဟုတ်ခြင်း မဟုတ်ခြင်းသည် ငါအတည်ပြုပေး၍ မရနိုင်ပါ။
ငါကိုယ်တိုင်လည်း သေချာခြင်းမရှိပါ။ ငါဆိုတာလည်းသေချာသည်။ ငါအတုဖြစ်သလား ။ ငါအစစ်ဖြစ်သလား
လည်းမသိပါ။ ငါ့ကိုယ်ငါတော့သိသည်။ ငါသည် ရင်ပွင့်သွားသော “မြစ်” တစ်စင်းဖြစ်သည်။ ဤသို့ဖြင့် လှေတစ်
စင်းထဲသို့ နစ်မြုပ်သွားရသည်။ ငါ့ရင်ကို ဘယ်သူဆွဲဖွင့်ခဲ့ပါသလဲ မိသုနြေ္ဒ။ ငါကပဲ တံခါးဖွင့်ပေးခဲ့မိပါသလား။ ဘာ
ပဲဖြစ်ဖြစ် သော့ခလောက်ကတော့ ကျပျောက်သွားခဲ့ပြီ။ ဤသော့တံနှင့် ဘယ်တံခါးကို ငါဖွင့်ရမည်နည်း။ နောက်
ဆုံး. . . နောက်ဆုံးတံခါးကိုပဲ ငါဖွင့်ပါမည်။ ထိုတံခါးကို မတွေ့မချင်းတော့ သော့တံလေးကို သော့ခတ်သိမ်းထားရ
ပေဦးမည်။ နင်သည် ငါ၏ နောက်ဆုံးတံခါးဖြစ်ပါသလား။ ငါသေချာမသိပါ။ နင်ကတော့ သိပေလိမ့်မည်။ နင်ကိုယ်
တိုင်လည်း သေချာမည်မဟုတ်ပါ။ ခေါင်းမငြိမ့်ပါနှင့်မိသုနြေ္ဒ။ “အမှန်တရား” သည် မျက်လှည့်ဆရာ၏ သေတ္တာထဲ
တွင် ရှိပေလိမ့်မည်။(ထိုသေတ္တာကို သော့ခတ်ထား ၊ မထားတော့ မသိပါ။ ခတ်ထားခဲ့လျှင်လည်း ငါ့မှာရှိသော သော့တံနှင့် ဖွင့်၍ ရ ၊ မရ ငါမသိပါ။ ငါ လုံးဝမသိပါ။ )

သုနြေ္ဒရေ. . .သုနြေ္ဒ ငါသည်နင်၏ အက်တမ်တစ်ခုဖြစ်သည်။ ငါ့ကို ရေစက်မချလိုက်ပါနှင့်မိသုနြေ္ဒ။
ငါသည် စာမတတ်သေးပါ။ နင်၏ဘာသာဗေဒကို ငါမဖတ်တတ်သေးပါ။ နင်၏ဓါးတစ်လက်သည် ငါ၏ အဘယ်
ရှုထောင့်မှ ၀င်လာခဲ့သည်ကို ငါမသိလိုက်ပါ။ “နှင်းဆီ” တစ်ပွင့်တော့ မဖြစ်ချင်ပါနှင့် မိသုနြေ္ဒ။ နင်လှဖို့အတွက်
နင်၏ကိုယ်တွင်းမှ ဖောက်ထွက်လာမည့်ဆူးတံများကိုတော့ နင်မပန်ဆင်သင့်ပါ။ “စံပယ်” လိုပဲလှပါ မိသုနြေ္ဒ။
မြင့်သောပန်းသည်လည်း တံချူ၏ရိုက်ချက်ကြောင့်ပင် နာကျင်နိုင်ပါသည်။ “ခရေ” လိုပဲလှပါ မိသုနြေ္ဒ။ ငါက
တော့ “ရနံ့” မူးတတ်သော “ပျား” တစ်ကောင်ဖြစ်သည်။ “လှိုင်း” မူးတတ်သော “ငါး”တစ်ကောင်ဖြစ်သည်။
ငါသည် “မုဆိုး” လည်းမဟုတ် ၊ “သားကောင်” လည်းမဟုတ်ပါ။ ထို့ကြောင့်ပင် ငါသည် “တောအုပ်” တစ်ခု
မဟုတ်ပါ။ ငါသည်. . . ငါသည်. . . ဘာဆိုဘာမှမဟုတ်ပါ မိသုနြေ္ဒ။