ပင်လယ်ကိုမြင်လို့
ချောင်းငယ်ကိုပစ်ပယ်လိုက်တော့
“တက်”ခတ်ခံလိုက်ရတဲ့ရင်ဘတ်က
ဆိုးဆိုးဆတ်ဆတ် “နာ” တယ်။
ဟုတ်တယ်
ငါက အစွယ်တစ်ချောင်းရဲ့ဂုဏ်သိက္ခာအတွက်
အသက်ပေးသွားတဲ့ “ခွေး” တစ်ကောင်ပဲ။
“လ” မမိတဲ့ ငါးမြှားတံကိုလည်း
အစိမ်းလိုက်ချိုးဖဲ့
ငါးမြှားချိတ်ကို ရင်ဘတ်မှာပြန်ချိတ်လိုက်တယ်။
ဒီလိုနဲ့. . .
ဖမ်းမိထားတဲ့ပင်လယ်ကိုလည်း
လွှတ်ချခဲ့တယ်ကွယ်။ ။
Pubg Unlimited Money Mod Apk New Scripts
5 years ago