Sunday, November 29, 2009

ညအတုရဲ့ကြယ်

လင်းခဲ့တယ်...လင်းတုန်းပဲ...လင်းဦးမယ်

ဘာတွေဘယ်လောက်ပျက်သုန်းသွားခဲ့လဲ

ဝတ္တရားတွေမကုန်ခန်းသေးသရွေ့ပေါ့

အိပ်စက်ခြင်းဆိုတာဘာလဲ

ရိုးအီနေတဲ့မြင်ကွင်းတွေ

တစ်ခါတစ်လေသမ်းဝေမိတယ်

အယောင်ဆောင်ထားတဲ့ရယ်မောသံတွေ

အနားမှာတိမ်စိုင်တွေမရှိဘူး

အဖော်ပြုခဲ့ရတဲ့ဘ၀တွေက

ရက်ဆက်နေတဲ့ရက်စက်မှုတွေနဲ့

ကြင်နာခြင်းတွေကို နာကျင်စေခဲ့

အကြွေးတွေနဲ့ အကျွေးအမွေးပြုကြ

ညစ်ညူးမှုတွေဈေးကွက်ရနေချိန်

ငါ့ရဲ့ညတွေက.......အတု