Sunday, November 29, 2009

ရွက်ကြွေလေးရဲ့စံနန်းဆောင်

နွေဦးတွေဝေနေကြပြီ
ပုရစ်ဖူးရေ...လှလိုက်တာကွယ်တဲ့
ရွက်ကြွေလေးကပြောတယ်
မြေကမ္ဗလာမှာလဲလျောင်းရင်း
ကောင်းကင်ကြီးကိုမော့ငေးလို့
ငါတို့ကကျန်ခဲ့ပါပြီလေတဲ့
ရွက်ကြွေလေးကငွေ့ငွေ့လေးပြုံးတယ်
တစ်ခါကတော့သူလည်း
ပလ္လင်ထက်ကမင်းတစ်ပါးပါပဲ
ခုတော့...နန်းကျတဲ့ဘုရင်တစ်ပါးပေါ့
ဘာပဲပြောပြော တစ်ချိန်က ရွက်ကြွေလေးမှာ
စံမြန်းရာဗိမာန်တစ်ခုရှိခဲ့တယ်
သူ့စံနန်းဆောင်လေးကို
ရီရီဆွေးဆွေးကြည့်ငေးနေရင်း..........
သက်ပြင်းတွေခေါ်ရာ
ရွက်ကြွေလေးပါသွားရှာပါတယ်။ ။