Tuesday, May 11, 2010

နိုဝင်ဘာ ၆ အတွက် ဖေဖော်ဝါရီ ၁၄ ကဗျာ

နိုဝင်ဘာ ၆ အတွက် ဖေဖော်ဝါရီ ၁၄ ကဗျာ

ထင်ရှူးရနံ့တွေ သီဝေမှုန်မှိုင်းနေတတ်တဲ့
မယဉ်မရိုင်းညဘက်တိုင်းမှာ
ငါ့အိပ်မက်တွေအတွက်
ညကို အမှောင်နဲ့ချော့သိပ်ခဲ့ရတယ်မိသုနြေ္ဒ ။

တစ်ခါတစ်ခါဆိုတာများ
နင့်ကိုသတိရနေလိုက်ရတာနဲ့
ငါ့ကိုယ်ငါတောင်မေ့တယ်။

ငါတို့တွေ
ရင်ဘတ်ချင်းဝေးဖို့
နှုတ်ခမ်းတွေနဲ့ညှို့မိခဲ့ကြ
ဝေးကွာခြင်းက တားမရဆီးမရပါလားကွယ် ။

ငါ့ အမှားလား
ကောင်းကင်လို ရင်နဲ့မမိုးချင်လို့
မြေပြင်လို ကျောနဲ့ခင်းပေးခဲ့မိတာ
ငါ့ အမှားလား မိသုနြေ္ဒ။

ဟုတ်မှာပါလေ. . .
နင်ပြောခဲ့သလိုပါပဲ
နှင်းဆီမှာတော့ စံပယ်ရနံ့ဟာ
ဘယ်တော့မှ မွှေးရှနိုင်မှာမှမဟုတ်တာ။

နင်မှန်ဖို့အတွက် ငါမှားပေးလိုက်ရ
နေရောင်ခြည် အကွဲအရှတွေက
ငါ့ကျောပေါ် စူးနစ်ကုတ်ခြစ်
ငါ ဘယ်တော့မှ အိပ်မက်အသစ်မမက်တော့ဘူးကွယ့်။

ကမ်းစပ်မှာရေလာနစ်တဲ့ငါး
ဘယ်ပင်လယ်ကမှမသနားဘူး
ငါ့ဘေးကလေငါရှူတာတောင်မှ
နင့်အငွေ့အသက်တွေ ပါပါလာတတ်သေးတယ်။

ငါ့ခြေဖ၀ါးမှာ
လမ်းတွေက ရှတယ် ။

ထက် . . . ထက်. . . မြ. . . မြ. . . ရှ. . . တယ်. . . .မိ. . . သု. . . နြေ္ဒ ။