Monday, June 21, 2010

အ(ကြောင်း) ကိစ္စ

အ(ကြောင်း) ကိစ္စ


မည်သည့်အတွက်ကြောင့်ဟုဆိုလျှင်
ထို့ကြောင့်ဖြစ်သည် ။
မသဲမကွဲဖြစ်ဖြစ်တော့ ရှင်းလင်းရမည် ။
မရေမရာဖြစ်နေသည်မှာ အတိအကျပင် ။
အ, အများ အ(ကြောင်း) ။
အများ အ(ကြောင်း) ။
ကျွန်တော် အ(ကြောင်း) ။
အ (ကြောင်း)ခိုင်ခိုင်လုံလုံမရှိ ။
မလုံ့တလုံ မိန်းမတစ်ယောက်၏ လုံခြုံရေး
စိုးရိမ်ပူပင်ရန်မလိုအပ်ပါ ။
သူ(မ) (အ)ကြောင်း
ကိစ္စ မရှိပါ ။
ဈာပန မရှိပါ ။
ကျောင်းစအပ်သည့်နေ့က အ(ကြောင်း)
မင်္ဂလာဦးညက အ(ကြောင်း)
အိုဘားမား အ(ကြောင်း)
ရှယ်လီ အ(ကြောင်း)
မောင်ချောနွယ် အ(ကြောင်း)
တိုက်ဆိုင်စွာဖြင့် လွဲချော်သွားခဲ့ပါက
ဤနေရာမှသာ စောင့်ပါ ။
အ (ကြောင်း) ကိစ္စများ ပြီးစီးသွားလျှင်
ကျွန်တော် လိုက်လာခဲ့ပါမည် ။
မလိုက်လည်း လာခဲ့ပါမည် ။
အဘယ်ကြောင့်ဟုဆိုလျှင်
ထိုကြောင့် ဖြစ်သည် ။


-ရိုးရာ