Tuesday, June 1, 2010

လူငယ်တစ်ယောက်ရဲ့ အလင်းပျောက်ရာညများ

လူငယ်တစ်ယောက်ရဲ့ လမိုက်ည

 

လူငယ်တစ်ယောက်ရဲ့

အလင်းပျောက်ရာညများ

ဂစ်တာဟာ သံစဉ်ခုနစ်ပါးနဲ့

ယိမ်းထိုးတုန်ခါနေတယ်။

 

သီချင်းနံပါတ် (၁၃)

သူရှုံးသွားတယ်

ရင်ဘတ်ထဲက ရုန်းကန်တိုးထ

ငြိမ်သက်စွာကြေမွပြသွားတယ်။

 

လူငယ်လေးကတော့

သူ့ကိုယ်သူ ပြန်လည်ကောက်ယူ

ညနဲ့အတူ

ကြိုးပြန်ညှိနေလေရဲ့ . . . ။