Monday, January 4, 2010

လက်ထဲဖွက်ထားတဲ့နှင်းနဲ့ အပြင်က ဒီဇင်ဘာ



ရောက်ခဲ့ပြီတဲ့လား
ပြက္ဒိန်တစ်အုပ်ရဲ့ ခြေလှမ်းတွေကို
အပြီးသတ်ခုတ်လှဲမယ့်နေရာ
အဆောင်းမပါတဲ့ဆောင်းဒီဇင်ဘာ
ငါ့ကို ထီကိုင်းသက်သက်နဲ့မိုးထားတဲ့ ဒီဇင်ဘာ
နင် ရောက်လာပြီတဲ့လား ။


ဘယ်လိုသင်္ကေတမျိုးနဲ့ လဲ
ဥပမာတစ်ခုခုနဲ့ တောင်မပစ်မှားအပ်တဲ့ 
ကွက်ကြိုကွက်ကျား...နှင်းမိုးတွေ
ငါ့ အား..ကလူမြှူဆွယ်...
ဒါဟာ... ဒီဇင်ဘာ...
ဒီဇင်ဘာ...
ဒီဇင်ဘာဟာ..ငါပြန်ဖြစ်သွား....
ဒီဇင်ဘာနဲ့ ငါ...
ငါနဲ့ ဒီဇင်ဘာ...
အဲ့ ဒါနဲ့ ပဲနှင်းမိုးတွေရွာပြန်ရော...


ဒါဝင်ခေတ်မှာ မွေးခဲ့ရုံနဲ့ 
မီးငြိမ်းတောင်ကြီးကိုကို မျက်နှာလွှဲခဲပစ်လုပ်ရတော့မယ်ပေါ့
တစ်ဦးတည်းသမားရဲ့ ဆောင်းဟာ
လူမှုရေးနားမလည်တဲ့ ဆက်သွယ်ချက်များနဲ့ 
တစ်နှစ်ပတ်လုံး အေးခဲတယ် မိန်းကလေးရယ် ...
ငါ့လက်ဖျားခြေဖျားတိုင်းမှာ
မင်းခပ်နှိပ်ထားတဲ့ ကြတ်ခြေခတ်နီနီတွေ
သုံးရာသီလုံး
နှင်းကျနေလေရဲ့ ။
မိန်းကလေးရယ် . . .


ငါ့ရဲ့ဒီဇင်ဘာရေခဲ့မြစ်ကလေးရေ
နှင်းအဖြစ်နဲ့ပျော်ပါ
နှင်းအဖြစ်က မပျော်နဲ့ကွယ်


ပြောတော့ ဆောင်းရာသီတဲ့
ကြည့်စမ်းပါဦး
နွေတွေရှုံးလောက်အောင် ပူပြနေလိုက်တာ ...
ငယ်အိပ်မက်တွေ အသက်ကြီးကုန်ပြီကွယ်
နောက်နောင် ဒီဇင်ဘာနဲ့  ရန်မဖြစ်ဖို့ 
ငါ့ကိုငါပဲ ဆုံးမတော့မယ်။


နှင်းရဲ့ ဝိဥာဉ်တွေသင်းပျံ ဆွတ်ပေ
ငါ့ ရဲ့ ဖော်ချွတ်အနာဂါတ်တွေ...အသက်ရှုနေပြီ...
ငါ မနှစ်ကအနွေးထည်လေးနဲ့ ပဲ..ဒီလိုလေးနဲ့ ပဲလေ..
နှင်းရယ်...
နှင်းအဟောင်းတွေပဲ..ထပ်ကျပါလား...
ငါ့ အိမ်မက်ရနံ့ အဟောင်းတွေထဲ...
ငါ့ ကိုယ်ငါ တစ်ခါလောက်ပြန်ရှာကြည့် စမ်းပါရစေ


တစ်အိပ်မက်လုံး နှင်းရည်တွေလူးပေလို့
တစ်ညလုံးစိုစွတ်ခြောက်သွေ့သွားလိုက်တာများ
ဘာနဲ့မှ ပြန်မကြားရလောက်အောင်ပဲ
ဒီဇင်ဘာရေ. . . မြူခိုးတွေလား နှင်းတွေလားဆိုတာ
ကွဲကွဲပြားပြား ဘာသာပြန်ပေးဖို့တော့လိုမယ်။


အသံကြားရာတရားလိုက်နာရင်းနဲ့ ပဲ
အဲ့ ဒီည ရဲ့ ချောင်ကြိုချောင်ကြားလေးထဲကနေ
အကောင်းစား... ရင်ဘတ်ကြီးနဲ့ ....
နှုတ်ဆက်လက်ပြ....ခွဲ............ခွာ..........
ဘာ.... ဆို.....ဘာ.....မှ....
နှင်းဟာ... “သူမ”နဲ့ ”ကျွန်တော် ”ကြားထဲ
ကလာကာအနက်ကြီးချပစ်လိုက်တယ်။


မလိုဘူးကွယ်
ဘာဆိုဘာမှကို မလိုတော့ဘူး
နှစ်ဦးသားကြားက သက်တန့်  ကြီးကို
ငရဲကြီးရှစ်ထပ် ချပစ်လိုက်တော့မယ်
မလိုတော့ဘူးကွယ်
ထောင်မြင်လို့  ရာစွန့် ခံရတာ
တစ်လောကလုံး
ပြာကျသွားခဲ့တယ်။


နှင်းမြင်လို့နွေစွန့်တာမဟုတ်ဘူးနှင်းရယ်
နှင်းဆီရောက်ဖို့ နွေကစောင့်နေခဲ့တာ
ဟောဟိုမှာ . . . မီးတောက်တွေတောင်
တစ်ဝက်တစ်ခြမ်း အေးခဲလို့

အဆုံးသတ်ကြပြီတဲ့ လား....
မမှာ မကြားပဲနဲ့ ... ဗလာတွေကြီးပဲထားခဲ
့တယ်...
ငါဟာ...ဖြူရော်စိုစွတ်စွာ...
တမ်းတသီကျူး...နက်ဖြန်တွေကို ခူးခွင့် မရှိတော့ ဘူး
အဲ့ ဒီလိုနဲ့ ပဲ... မြတ်နိုးခြင်းမိုးတိမ်တွေရဲ့ အဆုံး....
ငါ့ ကိုငါပဲ...သံသရာနဲ့ ချည်ထုံးပစ်လိုက်တော့ မယ်..



ရိုးရာ , နေ့ သစ် , ရင်ခွင်ရှိန်း

ကိုဇာတိမှ ခေါင်းစဉ်လှူဒါန်းပါသည်